Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဲဆောက်က အကောက်ခွန်ရုံး ဝင်းထဲမှာ မီးလောင်၊ သိမ်းယူထားတဲ့ ကား ၃၀၀ လောက်ပျက်စီး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အကောက်ခွန် ရုံးဝင်းထဲမှာ မီးလောင်မှုကြောင့် ရုံးဝင်းထဲမှာ ရပ်နားထားတဲ့ သိမ်းယူထားတဲ့ မော်တော်ကား အစီး ၃၀၀ လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အကောက်ခွန် ရုံးဝင်းထဲမှာ မီးလောင်မှုကြောင့် ရုံးဝင်းထဲမှာ ရပ်နားထားတဲ့ သိမ်းယူထားတဲ့ မော်တော်ကား အစီး ၃၀၀ လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အနားမှာရှိတဲ့ မော်တော်ကားတွေ သိမ်းဆည်းထားရာ နေရာကို မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ကား အစီး ၂၀၀ လောက်က လုံးဝ ပြင်မရအောင် ပျက်စီးခဲ့သလို နောက်ထပ် ၁၀၀ လောက်လည်း အပျက်အစီးတွေ ကြုံခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သိမ်းယူထားရာ ကားတွေရဲ့ စုစုပေါင်း သုံးပုံတစ်ပုံလောက် မီးလောင်ကျွမ်း ခံခဲ့ရပေမယ့် အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ သံစည်းရိုး ခတ်ထားတဲ့ ဝင်းထဲမှာ မီးကူးစက် လောင်ကျွမ်းနေမှုတွေကို မီးသတ်တပ်ဖွဲ့က နှစ်နာရီလောက် အချိန်ယူ ငြှိမ်းသတ်ခဲ့ရပါတယ်။

အဲဒီအတောအတွင်း ကားတွေရဲ့ ဆီတိုင်ကီတွေ မီးလောင် ပေါက်ကွဲတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အကောက်ခွန် အရာရှိ တစ်ဦးက အဲဒီကားအားလုံးဟာ ဂျပန်ကနေ တင်သွင်းလာတဲ့ တစ်ပတ်ရစ် ကားတွေဖြစ်ပြီး မူလက မြန်မာနိုင်ငံကို ဆက်လက် ပို့ဆောင်ဖို့ စီစဉ်ထားခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်၊ တံတားတွေ ပျက်စီးကုန်တာကြောင့် ကားတင်သွင်းလာသူတွေဟာ အဲဒီကားတွေကို ထိုင်းဖက်မှာပဲ ဆက်လက် ထားရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်တော့ ကားတွေ ထားရှိဖို့ ခွင့်ပြုသက်တမ်းကာလ ကုန်ဆုံးသွားတဲ့အတွက် အကောက်ခွန် ဌာနက သိမ်းယူပြီး မီးလောင်မှု ဖြစ်ပွားရာ ကားဝင်းထဲမှာ စုထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ကားအစီးရေ ၁၀၀၀ လောက်ထိ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ကားတွေကို ဌာနက တာဝန်ယူပြီး လေလံတင် ရောင်းချဖို့ ကြိုးစားဖူးပေမယ့် ကြမ်းခင်းစျေး မြင့်နေတာကြောင့် စိတ်ဝင်စားသူ မရှိခဲ့ပါဘူး။ ကြမ်းခင်းစျေးကို နှိမ့်ပြီး လေလံတင်မယ့် နောက်ထပ် တစ်ကြိမ်အတွက် စီစဉ်နေတုန်း မီးလောင်မှုနဲ့ ကြုံခဲ့ရတာပါ။ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။