Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာကို အစ္စရေး မြေပြင်တပ်ဖွဲ့တွေ ပြန်လည် ဝင်ရောက်

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ ပြန်လည် စတင်လာခဲ့ပြီးတဲ့နောက် အခုအခါ အစ္စရေး စစ်တပ်ဟာ ဂါဇာကို မြေပြင်တပ်တွေ ပြန်လည် ဝင်ရောက်စေခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ ပြန်လည် စတင်လာခဲ့ပြီးတဲ့နောက် အခုအခါ အစ္စရေး စစ်တပ်ဟာ ဂါဇာကို မြေပြင်တပ်တွေ ပြန်လည် ဝင်ရောက်စေခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ် (IDF)နဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ခဲ့ပြီး ၂ လပြည့်တဲ့ မတ်လ ၁၉ ရက်နေ့မှာ အစ္စရေး ခြေလျင်တပ်တွေနဲ့ တင့်ကားတွေက ဂါဇာကို ပြန်လည် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၂ ရက်ကတည်းက အစ္စရေးဟာ ဂါဇာမှာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေကို စတင်ခဲ့ပြီး ဖြစ်ပါတယ်။

ဂါဇာကို IDFရဲ့ မြေပြင်တပ်တွေပါ ပြန်ဝင်လာပြီ ဖြစ်တာကြောင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ ဆက်ပြီး ထိန်းသိမ်းထားဖို့ အခက်ခဲဆုံး အဆင့်ကို ရောက်သွားပါတယ်။ အဲဒီလို အပစ်ရပ် သဘောတူညီမှု ပျက်လုနီးပါး ဖြစ်လာတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမားစ်က အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲ ပြစ်တင်နေခဲ့ပါတယ်။

အစ္စရေးက ဟားမားစ်တွေဟာ လက်ရှိ ဖမ်းဆီးထားဆဲ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုတာကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သလို ကြားဝင် ညှိနှိုင်းပေးမယ့် ကမ်းလှမ်းချက် မှန်သမျှကိုလည်း ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ဟားမားစ်တွေကလည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အပစ်ရပ် သဘောတူညီချက်ကို တစ်ဖက်သတ် ဖျက်ဆီးပစ်ခဲ့သူလို့ ရှုတ်ချပြီး အခုအခါ အစ္စရေး ဓားစာခံတွေရဲ့ လုံခြုံရေးက အာမခံချက် မရှိတော့ဘူးလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

IDFက မြေပြင်တပ်ဖွဲ့တွေဟာ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းကို ဝင်ရောက်ပြီး စစ်ဆင်ရေး လှုပ်ရှားမှုတွေ စတင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့က ဂါဇာမှာ ပြန်လည် ဖြန့်ကျက်ခဲ့တဲ့ ကြည်းတပ်တွေဟာ ဂါဇာ တောင်ပိုင်းနဲ့ အလယ်ပိုင်းကို စည်းခြားထားတဲ့ လုံခြုံရေး ဇုန်တစ်ခု ထားရှိဖို့ ရည်ရွယ် လှုပ်ရှားနေတယ်လို့ IDFက ဆိုပါတယ်။

ဟားမားစ်က အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားပြီလို့ တိတိကျကျ အသိအမှတ် မပြုသေးဘဲ IDFရဲ့ မြေပြင် စစ်ဆင်ရေးတွေဟာ သဘောတူညီမှုအတွက် အန္တရာယ် အရမ်းကြီးတဲ့ ချိုးဖောက်မှု အသစ်တစ်ခုလို့ ရှုတ်ချ ကြေညာထားပါတယ်။

မတ်လ ၁၉ ရက်နေ့က ဂါဇာအနှံ့မှာ IDFရဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာ ပြည်သူ့ ကာကွယ်ရေး အရပ်ဖက် အဖွဲ့ခေါင်းဆောင် မာမွတ် ဘာဆဲလ်က ပြောပါတယ်။ အဲဒီထဲက ၅၀ လောက်ဟာ ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းကဖြစ်ပြီး ကျန်တဲ့ ၂၀ လောက်ကတော့ တောင်ပိုင်းမှာရှိတဲ့ ရာဖာဟ်နဲ့ ခန်ယူနစ် မြို့တွေထဲမှာလို့ သူက ဆိုပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေအတွင်း ညှိနှိုင်းပေးခဲ့မှုအရ အစ္စရေးနဲ့ ဟားမားစ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အဲဒီညှိနှိုင်းမှုရဲ့ သဘောတူညီချက်အရ အစ္စရေးဟာ နတ်ဇာရင်မ် စင်္ကြံလို့ ခေါ်ဝေါ်ပြီး ဂါဇာကို တောင်နဲ့မြောက် ပိုင်းခြားထားရာ မဟာဗျူဟာ နယ်မြေထဲကနေ ဆုတ်ခွာပေးခဲ့ပါတယ်။ အခုတော့ အစ္စရေးဟာ အဲဒီ နယ်မြေကို ပြန်ထိန်းချုပ်ဖို့ စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့တုန်းက ဂါဇာအနှံ့မှာ အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကာလတလျှောက် တစ်ရက်တာ အသေအပျောက် အများဆုံး နေ့တွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့ကြောင်း ဟားမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေကို ပြန်စနေပြီလို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဂါဇာမှာ IDFနဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲထားမှုဟာ သဘောတူညီမှု ပျက်သုဉ်းသွားပြီလို့ ယုံကြည်ရတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကြောင့် ဂါဇာ ကမ်းမြှောင်ဒေသမှာ အခြေအနေ ငြိမ်သက်နေပေမယ့် နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးစစ်တပ် (IDF)က ကြမ်းတမ်းတဲ့ စီးနင်းရှာဖွေမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။