Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ နယ်စပ်က တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်တွေ စေလွှတ်

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်နှစ်စီး စေလွှတ်ထားကြောင်း သိရပါတယ်။

Reuters

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ တောင်ကိုရီးယားက ရဟတ်ယာဉ်နှစ်စီး စေလွှတ်ထားကြောင်း သိရပါတယ်။

စစ်မဲ့ဇုန် (DMZ)လို့ သတ်မှတ်ထားပြီး တောထူထပ်လှတဲ့ ဒေသဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အထူထပ်ဆုံး နယ်ခြားဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ DMZ တဝိုက်မှာ လေယာဉ် ပျံသန်းမှုတွေဟာ လုံခြုံရေး ရှုထောင့်အရ စိုးရိမ်စရာတွေ ဖြစ်နိုင်တာကြောင့် ရဟတ်ယာဉ်တွေ စေလွှတ်ပြီး မီးငြှိမ်းသတ်မယ့် အကြောင်းကို မြောက်ကိုရီးယား အစိုးရဆီ ကြိုတင် အကြောင်းကြားခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။

ပြီးတော့ DMZ တဝိုက်မှာ နေထိုင်တဲ့ မြောက်ကိုရီးယား ဒေသခံတွေကိုလည်း ရဟတ်ယာဉ်တွေကို မြင်ရရင် အထိတ်တလန့် မဖြစ်ဖို့ အသံချဲ့စက်တွေနဲ့ လှမ်းပြီး အသိပေးထားတယ်လို့ တောင်ကိုရီးယား နယ်ခြားစောင့် အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေမှာ သမိုင်းတလျှောက် အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေ အစပြုပြီး သီတင်းပတ်တချို့ အကြာ မြောက်ပိုင်းက DMZ သတ်မှတ်နေရာမှာပါ တောမီးတွေ စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ DMZရဲ့ အရှေ့ပိုင်းမှာ လောင်နေတဲ့ တောမီးတွေ ဘယ်လိုဘယ်ပုံ အစပြုခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

DMZမှာ ရဟတ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်မယ့်အကြောင်း မြောက်ကိုရီးယားကို ကြိုအသိပေးထားပေမယ့် တစ်ဖက်က သဘောထားကို တိတိကျကျ မသိရသေးတာကြောင့် တောင်ကိုရီးယား စစ်တပ်ကလည်း လိုအပ်တဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ ခုထိ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ် စစ်ပွဲအပြီး တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၂၅၀ ကီလိုမီတာရှည်ပြီး ၄ ကီလိုမီတာကျယ်တဲ့ DMZကို နှစ်ဖက်ကြား ဖြတ်သန်းသွားလာတာမျိုး မလုပ်တဲ့ နယ်ခြားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

လူသူအရောက်အပေါက် အရမ်းနည်းတဲ့ အတွက်လည်း DMZဟာ အာရှတိုက် တစ်ခုလုံးမှာ သဘာဝသစ်တော ဧရိယာ အထူထပ်ဆုံးနဲ့ သားရိုင်းတိရစ္ဆာန် မျိုးစိတ်တွေ အကြွယ်ဝဆုံး နေရာတစ်ခုအဖြစ် ရှိနေပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက DMZမှာ ကင်းလှည့်ရင်း မတော်တဆ နယ်ကျွံတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား စစ်သားတွေက နိုင်ငံပိုင်နက်ဖက် ရောက်လာလို့ သေနတ်ပစ်ဖောက်ပြီး ခြောက်လှန့် သတိပေးခဲ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အဲဒီနောက်မှာတော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။