Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေးအတွက် ယူကရိန်းက နယ်မြေတွေ လက်လွှတ်ပေးရနိုင်တယ်လို့ ကိယက်ဗ် မြို့တော်ဝန်ပြော

ငြိမ်းချမ်းရေး ရဖို့အတွက် ယူကရိန်းဟာ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေတွေကို လက်လွှတ်ပေးတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ရဲ့ မြို့တော်ဝန်ဖြစ်သူ ဗစ်တာလီ ကလစ်ချ်ကိုက ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရဖို့အတွက် ယူကရိန်းဟာ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေတွေကို လက်လွှတ်ပေးတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ရဲ့ မြို့တော်ဝန်ဖြစ်သူ ဗစ်တာလီ ကလစ်ချ်ကိုက ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက သဘောတူညီမှုတစ်ခု ရဖို့အတွက် ဆုံးရှုံးနယ်မြေတချို့ စွန့်လွှတ်ဖို့ ယူကရိန်းကို အပြင်းအထန် ဖိအားပေးလာချိန်မှာ ကလစ်ချ်ကိုက အခုလို မှတ်ချက်ပေးခဲ့တာပါ။

အစောပိုင်းမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေ သိမ်းဆည်းတာ ခံထားရတဲ့ ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ယူကရိန်းက တရားဝင် လက်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ် ပြုပေးမယ်လို့ ရုရှားဆီ ကမ်းလှမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ ယူကရိန်း သမ္မတက အခုလို တုံ့ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရုရှားရော၊ ယူကရိန်းပါ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ အမေရိကန်ဆီက ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေကို ကြုံနေရပြီး ယူကရိန်းဟာ ပိုင်နက်နယ်မြေ တချို့ လက်လွှတ်ပေးဖို့ မလွှဲသာဘဲ လက်ခံရတာမျိုး ဖြစ်နိုင်ကြောင်း ကလစ်ချ်ကိုက ဆိုပါတယ်။

ဖြစ်နိုင်ခြေ တစ်ခုအဖြစ် နယ်မြေတွေ ဆုံးရှုံးလိုက်ရတာကို တွေးထားသင့်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်၊ အဲဒီငြိမ်းချမ်းရေးဟာ ယာယီပဲ ဖြစ်စေဦးတော့၊ ဒါဟာ ဖြေရှင်းချက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် လက်ဝှေ့အားကစား ကြယ်ပွင့်ဟောင်းက ယူကရိန်း ပြည်သူတွေဟာ ရုရှားရဲ့ မတရား နယ်ချဲ့ သိမ်းယူမှုတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့တော့ အလေးအနက် ပြောသွားခဲ့ပါတယ်။

ယူကရိန်း အစိုးရဟာ စစ်ရပ်ဆိုင်းရေးကိစ္စ အထမြောက်ဖို့အတွက် ပိုင်နက် နယ်မြေတွေ စွန့်လွှတ်ပေးမှာ မဟုတ်ကြောင်း အစဉ်တစိုက် ပြောဆိုထားခဲ့ပေမယ့် ကလစ်ချ်ကိုဟာ အဲဒီ သဘောထားနဲ့ ဆန့်ကျင်ဘက်ကို လူသိရှင်ကြား မှတ်ချက်ပေးလာတဲ့ ပထမဆုံး ယူကရိန်း အစိုးရ ထိပ်တန်း အာဏာပိုင် ဖြစ်လာပါတယ်။

ကိယက်ဗ်မြို့ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ ကလစ်ချ်ကိုက အဲဒီ မှတ်ချက်စကားကို ပြောခဲ့တာပါ။ ဒီအခြေအနေတွေကြောင့်ပဲ သမ္မတ ဇီလန်စကီးဟာ ခက်ခဲပြီး နာကျင်တဲ့ ဆုံးဖြတ်ချက်မျိုးကို ရွေးချယ်လာရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

သတင်းထောက်တွေက ရုရှားနဲ့ ညှိနှိုင်းရေးအတွက် ဖြစ်နိုင်ခြေတွေကို ဇီလန်စကီးနဲ့ ဆွေးနွေးဖူးသလားလို့ မေးတဲ့အခါ ကလစ်ရှ်ကိုက မဆွေးနွေးဖူးကြောင်း ဒုံးတိတိ ပြန်ဖြေခဲ့ပါတယ်။ ဒီကိစ္စမှာ သူဟာ လုပ်ပိုင်ခွင့် မရှိသလို သမ္မတက သူ့တာဝန်သူ လုပ်ဆောင်သွားလိမ့်မယ်လို့ ကလစ်ချ်ကိုက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။