Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှု ရဖို့ အရမ်းနီးလာပြီလို့ ထရမ့်ပြော

ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ အရမ်း နီးစပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Reuters

ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ အရမ်း နီးစပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ရုရှားကို စေလွှတ်ခဲ့တဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ်က မော်စကို မြို့တော်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နာရီပိုင်း အကြာ၊ ဧပြီ ၂၅ ရက်နေ့မှာ ထရမ့်က အခုလို မှတ်ချက် ပေးခဲ့တာပါ။

အဲဒီနေ့က ဆွေးနွေးမှုတွေအတွက် နေ့ကောင်းရက်သာတစ်ခု ဖြစ်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ ယူကရိန်း ကိုယ်စားလှယ်တွေ မပါခဲ့တဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ ကရင်မလင် နန်းတော်ဖက်ကတော့ အပြုသဘော ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ပွဲရပ်ဆိုင်းရေးကို လက်ခံပေးဖို့ ရုရှားရော၊ ယူကရိန်းပါ အမေရိကန်ရဲ့ အပြင်းအထန် ဖိအားပေးမှုကို ခံနေရပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားက ခြွင်းချက်မရှိ အပစ်ရပ်ဖို့ဆိုရင် တကယ့် စစ်မှန် ထိရောက်တဲ့ ဖိအားပေးမှုမျိုး လိုအပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အမေရိကန်က ကြားဝင် ညှိနှိုင်းပေးမှုမှာ ခရိုင်းမီးယား ကျွန်းဆွယ် အပါအဝင် ယူကရိန်း နယ်မြေတချို့ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုပေးဖို့ဆိုတာ ပါဝင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဇီလန်စကီးကတော့ ယူကရိန်း အချုပ်အခြာ အာဏာ ပိုင်နက်ကို လက်လွှဲပေးဖို့ ဆိုတာဟာ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ မပါဘူးလို့ ပြောထားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအတွက် ရောမမြို့ကို ရောက်လာတဲ့ အချိန်မှာတော့ ထရမ့်က ခရိုင်းမီးယားကို ရုရှားဆီ လွှဲပေးဖို့ ကိစ္စကို သူက ဆက်လက် ထောက်ခံမယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ ဇီလန်စကီးကတော့ အဲဒီကိစ္စကို အခုထိ ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူကရိန်း အစိုးရရဲ့ အတွင်းပိုင်း အရာရှိ တချို့ကတော့ ငြိမ်းချမ်းရေးအတွက် နယ်မြေတွေ အဆုံးအရှုံးခံဖို့ ခါးသီးတဲ့ ရွေးချယ်မှုမျိုး လုပ်လာရနိုင်ကြောင်း အရိပ်အမြွက် မှတ်ချက်ပေးလာခဲ့ကြပါတယ်။

ထရမ့်ကတော့ ဝစ်ကော့ဖ်နဲ့ ပူတင် ဆွေးနွေးမှု အပြီးမှာ အရေးကြီးတဲ့ အချက် အများစုကို သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ အသီးသီးရဲ့ အမြင့်ဆုံး တာဝန်ရှိသူတွေက နောက်ဆုံးအဆင့် အပြီးသတ်ဖို့သာ ကျန်တော့ကြောင်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပါတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ကတည်းက ရုရှားတပ်တွေက ဝင်ရောက် သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

Facebook