Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် စစ်ရပ်ဆိုင်းဖို့ ပူတင် တကယ်ဆန္ဒ ရှိသလားလို့ ထရမ့် မေးခွန်းထုတ်

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

AFP

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ထရမ့်ဟာ ဧပြီ ၂၆ ရက်နေ့က အီတလီနိုင်ငံ၊ ဗာတီကန်မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ ဈာပန အခမ်းအနား တက်ရောက်ရင်း သီးခြား အစီအစဉ်အဖြစ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တာပါ။ ထရမ့်နဲ့ ဇီလန်စကီးဟာ မတ်လကုန်တုန်းက အိမ်ဖြူတော် တွေ့ဆုံပွဲမှာ လူသိရှင်ကြား စကားများခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် မျက်နှာချင်းဆိုင် စကားပြောခဲ့တာပါ။

ဇီလန်စကီးနဲ့ တွေ့ဆုံပြီးတဲ့နောက် ဗာတီကန်က ပြန်လည် ထွက်ခွာလာချိန်မှာ ထရမ့်က အခုသီတင်းပတ်ထဲမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး ပူတင်ရဲ့ စစ်ရပ်ဆိုင်းရေး ဆန္ဒက တကယ် မှန်ကန်သလား ဆိုတာကို လူမှုကွန်ရက်မှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပူတင်ဟာ ယူကရိန်းရဲ့ အရပ်သား ဧရိယာတွေကို ဒုံးကျည်တွေနဲ့ လှမ်းပစ်နေစရာ အကြောင်းမရှိဘူးလို့လည်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာ ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ဈာပန အခမ်းအနား မစတင်ခင် စိန့်ပီတာ ဝတ်ကျောင်းတော်ကြီးမှာ အလေးအနက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အိမ်ဖြူတော်ကတော့ ၁၅ မိနစ်ကြာ ဆွေးနွေးမှုတွေဟာ အများကြီး အပြုသဘော ဆောင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဇီလန်စကီးကတော့ အဲဒီမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေဟာ နောင်တစ်ချိန်မှာ သမိုင်းဝင်လာနိုင်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က Truthမှာ ရေးသားထားရာမှာ ပူတင် အနေနဲ့ တကယ်ပဲ စစ်ပွဲကို မရပ်ချင်ဘူး ဆိုရင် ကွဲပြားတဲ့ အခြေအနေအဖြစ် အရေးယူ ပိတ်ဆို့မှုတွေကို ရင်ဆိုင် ကြုံတွေ့ချင်နေတာလားလို့ ထည့်သွင်း မေးခွန်းထုတ်ထားပါတယ်။ ဗာတီကန် ခရီးစဉ် မတိုင်ခင်တုန်းက ထရမ့်ဟာ စစ်ရပ်ဆိုင်းရေးအတွက် ရုရှားနဲ့ ယူကရိန်းကြား အရမ်း နီးစပ်တဲ့ အခြေအနေ ဖြစ်လာပြီလို့ မှတ်ချက်ပေးထားခဲ့ပါသေးတယ်။

ဗာတီကန်မှာတော့ ထရမ့်နဲ့ ဇီလန်စကီးတို့ကြား ဒုတိယအကြိမ် ထပ်မံ စကားပြောဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက မှတ်ချက်ပေးခဲ့ပေမယ့် ထရမ့်ရဲ့ ယာဉ်တန်းဟာ ဈာပနအခမ်းအနား အပြီးမှာပဲ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဗာတီကန်မှာ ကျန်နေတဲ့ ဇီလန်စကီးကတော့ နောက်ပိုင်းမှာ ဗာတီကန်ဆိုင်ရာ ပြင်သစ်သံရုံးမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ စကားပြောခဲ့သလို ဗြိတိန် သံအမတ်ကြီး အိမ်တော်မှာလည်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာနဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကိုလည်း သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook