Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်မှာ ဘောလုံးကွင်းနားက လူအုပ်ကို ကားဝင်တိုက်ပြီး ၁၃ ဦး ဒဏ်ရာရ

စပိန်က ဘောလုံးကွင်း တစ်ခုနားမှာ လူအုပ်ကို ကားဝင်တိုက်လို့ လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

စပိန်က ဘောလုံးကွင်း တစ်ခုနားမှာ လူအုပ်ကို ကားဝင်တိုက်လို့ လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

မေလ ၁၅ ရက်နေ့ ညပိုင်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ အခြေစိုက် ခါးသီး မြို့ခံ ပြိုင်ဘက်တွေဖြစ်တဲ့ အက်စ်ပန်ညိုနဲ့ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ အဲဒီပွဲစဉ်အတွက် အက်စ်ပန်ညို အသင်း အိမ်ကွင်းရှေ့မှာ ပရိသတ်တွေ စုဝေးနေတဲ့အချိန် ကားတစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာ အကြမ်းဖက်သမားတွေက လူအုပ်ထဲ ကားနဲ့ တမင်ဝင်တိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးပေမယ့်လည်း ဘာစီလိုနာမြို့ တည်ရှိရာ ကာတာလန်ပြည်နယ် ရဲတပ်ဖွဲ့က အခု ကိစ္စကတော့ ယာဉ်မတော်တဆမှု တစ်ခုသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အခြေအနေကို မြန်မြန်ဆန်ဆန် ကိုင်တွယ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အားကစားရုံထဲမှာ ရှိနေသူတွေ အတွက်လည်း ဘာအန္တရာယ်မှ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ နေရာဆီ သွားရောက်ကူညီခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူ ၉ ဦးဟာ အသေးအမွှားလောက်သာ ထိခိုက်ခဲ့ပြီး ကျန်တဲ့ ၄ ဦးကလည်း အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

ဘာစီလိုနာ အသင်းဟာ အခုပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ လာလီဂါ စပိန် အဆင့်မြင့်တန်း အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ရဲ့ ပြိုင်ဆိုင်မှုဟာ ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီး နိုင်ငံရေး နောက်ခံ တင်းမာမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ကာတာလန် အမျိုးသားရေး ဝါဒီတွေအတွက် ဘာစီလိုနာ အသင်းက ကိုယ်စားပြု ရပ်တည်ပြီး အက်စ်ပန်ညိုကတော့ မက်ဒရစ်မှာရှိတဲ့ စပိန် အစိုးရကို ပိုမို အားပေး ထောက်ခံတဲ့ မူဝါဒမျိုးကို ဆွဲကိုင်ခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။