Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိပြီး ၅ ဦးသေ

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ် နှစ်စီး ပျံသန်းရင်း တိုက်မိရာက လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

Reuters

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ် နှစ်စီး ပျံသန်းရင်း တိုက်မိရာက လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အက်စ်တိုးနီယား နိုင်ငံရဲ့ မြို့တော် တော်လင်းကနေ အတူပျံတက်လာတဲ့ ရဟတ်ယာဉ် နှစ်စီးဟာ မေလ ၁၇ ရက်နေ့က ဖင်လန်နိုင်ငံရဲ့ ယူရာမြို့ လေဆိပ်နားမှာ အချင်းချင်း တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်တွေရဲ့ အပျက်အစီးတွေကို တောအုပ်တစ်ခုထဲမှာ ရှာတွေ့ခဲ့ပြီး လိုက်ပါလာသူ အားလုံး သေဆုံးခဲ့တယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ ရဟတ်ယာဉ် တစ်စီးပေါ်မှာ လူ ၃ ဦး လိုက်ပါလာခဲ့ပြီး တခြားတစ်စီးပေါ်မှာ ၂ ဦး လိုက်ပါလာခဲ့တာပါ။ ရဟတ်ယာဉ်နှစ်ခုရဲ့ ကိုယ်ထည် အပျက်အစီးတွေဟာ မီတာ ၁၀၀ လောက်ခြားပြီး တည်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ပြည်ပမှာ မှတ်ပုံတင်ထားတဲ့ ရဟတ်ယာဉ် နှစ်စီးဟာ ကိုကီမာကီမြို့က လေကြောင်းပြပွဲ တစ်ခုဆီ အသွားမှာ အခုလို အခြေအနေဆိုး ကြုံခဲ့တာလို့ ပြည်တွင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လို အမှားအယွင်းကြောင့် ရဟတ်ယာဉ်ချင်း လေထဲမှာ တိုက်မိခဲ့ကြသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မျက်မြင်တစ်ဦးကတော့ ရဟတ်ယာဉ်တွေဟာ လမ်းကြောင်း အပြောင်းအလဲ လုပ်တဲ့အခြေအနေ တစ်ခုမှာ အချင်းချင်း ငြိမိကြတာလို့ ပြောပေမယ့် အာဏာပိုင်တွေက ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လောလောဆယ်မှာတော့ လေကြောင်း မတော်တဆမှုနဲ့ ပတ်သက်ပြီး ဖင်လန်နဲ့ အက်စ်တိုးနီးယား အာဏာပိုင်တွေ ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်း ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဖင်လန်နိုင်ငံမှာ ဆွီဒင်ရဲ့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

Facebook