Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ထရမ့် ဖုန်းမပြောခင် တစ်ရက်အလိုမှာ ရုရှားက ယူကရိန်းကို ဒရုန်းတွေ အလုံးအရင်းနဲ့ တိုက်ခိုက်

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Reuters

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မေလ ၁၈ ရက်နေ့ တိုက်ခိုက်မှုဟာ မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းနိုင်ငံ အနှံ့က ဧရိယာတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ကိယက်ဗ်မှာတော့ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် မေလ ၁၉ ရက်နေ့မှာ အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အဲဒီမတိုင်ခင် ၁ ရက်မှာ ရုရှားက အခုလို ဒရုန်းတွေ အုံနဲ့ကျင်းနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက စွပ်စွဲပါတယ်။ ထရမ့်ရဲ့ အစိုးရဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ အပူတပြင်း တောင်းဆိုထားပြီး နှစ်ဖက်ကြား စေ့စပ် ညှိနှိုင်းပေးနေပါတယ်။

ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တူရကီမှာ တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ပေမယ့် တစ်ဖက်စီကနေ သုံ့ပန်း ၁၀၀၀ စီ ပြန်လွှတ်ပေးဖို့ကိုတော့ ညှိနှိုင်း လက်ခံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ရဲ့ အဆိုအရ မေလ ၁၈ ရက်နေ့မှာ ရုရှားဟာ ဒရုန်းစုစုပေါင်း ၂၇၃ စီးကို အသုံးပြုပြီး ကိယက်ဗ်မြို့တော်နဲ့ အနီးတဝိုက်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒရုန်းတွေထဲက ၈၈ စီးကို ပစ်ချနိုင်ခဲ့ပြီး ၁၂၈ စီးကလည်း ထိခိုက်ပျက်စီးမှုတွေ မဖြစ်ပေါ်စေဘဲ လိုရာမရောက် ဖြစ်ခဲ့ကြတယ်လို့ ယူကရိန်းက ဆိုပါတယ်။

အခုတစ်ကြိမ် မတိုင်ခင်က ယူကရိန်းကို ဒရုန်းတွေ အများဆုံး အသုံးပြုပြီး ရုရှားက တိုက်ခိုက်ခဲ့တာဟာ ကျူးကျော်စစ် ၃ နှစ်ပြည့် မတိုင်ခင် ၁ ရက်အလို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖြစ်ပါတယ်။

ထရမ့်က သူဟာ ပူတင်နဲ့ရော၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ပါ သီးခြားဆီ ဖုန်းဆက် စကားပြောဖို့ စီစဉ်ထားကြောင်း အတည်ပြု ပြောကြားထားပါတယ်။ လတ်တလောမှာတော့ အမေရိကန်ဟာ ကနဦးအဆင့် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နိုင်ဖို့ အရှိန်မြှင့် တွန်းအားပေးနေကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook