Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားပြော

ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

Reuters

ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့က ရုရှားဖက်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီမူကြမ်းဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် ရုရှားဖက်က သတ်မှတ်တဲ့ တောင်းဆိုမှုတွေကို ထည့်သွင်း ဖော်ပြထားမယ်လို့ ပါရှိပါတယ်။ ပြီးတော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ လာမယ့် သီတင်းပတ်ကျရင် ပြုလုပ်မယ့် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ ဆွေးနွေးမှုမှာ အဲဒီ မူကြမ်းကို ပေးအပ်မယ်လို့ ဆိုပါတယ်။

ယူကရိန်းကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းဖို့ နှစ်ဖက်စလုံးကို အပြင်းအထန် ဖိအားပေးနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နှစ်ဖက်ကြားမှာ သံတမန်ရေးဆိုင်ရာ အားထုတ်မှုတွေ ရှိခဲ့သလို ၃ နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မကြာသေးခင်က အစ္စတန်ဘူလ်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အကြံပေး အရာရှိ တစ်ဦးဖြစ်သူ ဗလာဒီမာ မီဒင်စကီး ဦးဆောင်တဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၂ ရက်နေ့မှာ စစ်ရပ်ဆိုင်းရေး မူကြမ်း အဆိုပြုချက်ကို ယူကရိန်းဆီ ပေးအပ်ဖို့ အသင့်ရှိနေပြီလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က မေလ ၂၈ ရက်နေ့မှာ ပြောကြားသွားခဲ့ပါတယ်။

ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကူညီပေးပြီး ဧည့်ဝတ်ကျေစွာနဲ့ ပံ့ပိုးပေးခဲ့တဲ့ တူရကီနိုင်ငံက မိတ်ဖက်တွေကို ရုရှားအနေနဲ့ အထူးတလည် ကျေးဇူးတင်တယ်ဆိုတာ ထပ်လောင်း ပြောကြားလိုကြောင်းလည်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

မီဒင်စကီးဟာ ရုရှား အစိုးရရဲ့ ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူခဲ့ဖူးတဲ့ နိုင်ငံရေး သိပ္ပံပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူဟာ မေလ ၁၆ ရက်နေ့တုန်းက အစ္စတန်ဘူလ်မှာ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း ရုရှားဖက်က ဦးဆောင်အရာရှိအဖြစ် တာဝန်ယူခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အဲဒီဆွေးနွေးပွဲကို ရုရှားက အဆင့်နိမ့် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တဲ့အပေါ် ဝေဖန်ခဲ့ပြီး ရုရှားအနေနဲ့ စစ်ရပ်စဲရေးကို အမှန်တကယ် လိုလားမှု မရှိကြောင်း စွပ်စွဲခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။