Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုင်ဆိုင်မှု အားလုံးနီးပါးကို အာဖရိကတိုက် ဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမယ့် ဘီလ်ဂိတ်စ်

သူပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ငွေကြေးတွေထဲက အများစုကို အာဖရိကတိုက်အတွက် လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ်စ်က ပြောပါတယ်။

သူပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ငွေကြေးတွေထဲက အများစုကို အာဖရိကတိုက်အတွက် လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ်စ်က ပြောပါတယ်။

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Microsoftကို ထူထောင်ခဲ့သူ ဂိတ်စ်က အဲဒီ ငွေကြေးတွေကို လာမယ့် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အာဖရိကရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ မြှင့်တင်ရေးအတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

အသက် ၆၉ နှစ်အရွယ်၊ ကမ္ဘာ့ ပဉ္စမ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးက ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍမှာ လူသားတွေရဲ့ အလားအလာတွေကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မယ်ဆိုရင် အာဖရိကတိုက်ရဲ့ နိုင်ငံတိုင်းဟာ ချမ်းသာကြွယ်ဝမှု လမ်းကြောင်းဆီ ဦးတည် လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အီသီယိုးပီးယား နိုင်ငံရဲ့ မြို့တော် အက်ဒစ် အဘာဘာကို ရောက်နေတဲ့ ဂိတ်စ်က အာဖရိကရဲ့ ငယ်ရွယ်တဲ့ တီထွင်ပညာရှင်တွေ အနေနဲ့လည်း အာဖရိကရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုပြီး ဘယ်လိုဘယ်ပုံ မြှင့်တင်နိုင်မလဲ ဆိုတာကို စဉ်းစား တွေးတောကြဖို့ တိုက်တွန်း အကြံပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂိတ်စ်ဟာ သူ့ပိုင်ဆိုင်မှု အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို အကျိုးရှိတဲ့ နေရာတွေအတွက် ခွဲဝေ လှူဒါန်းမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး ဒါဟာ ဒေါ်လာ ၂၀၀ ဘီလီယံလောက်နဲ့ ညီမျှလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဂိတ်စ်ရဲ့ ဖောင်ဒေးရှင်းဟာ ၂၀၄၅ ခုနှစ်ထိ ကာလအတောအတွင်း စနစ်တကျ လှူဒါန်းမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီကာလကျရင်တော့ မစ်ရှင်ကို အဆုံးသတ်သွားမှာပါ။

မိုဇမ်ဘစ်နိုင်ငံ သမ္မတ ကတော်ဟောင်း လေဒီဂရေ့စ် မာရှဲလ်က အာဖရိကတိုက်မှာ အဓိက လှူဒါန်းမှုတွေ လုပ်ဆောင်မယ့် ဂိတ်စ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ ကြီးမားတဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ ဂိတ်စ်ဆီက အခုလို ကောင်းကျိုး သက်ရောက်မှု အားကောင်းလှတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလို့ သူက ချီးကျူးခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ရင် ဂိတ်စ်ရဲ့ ခိုင်မာမြဲမြံတဲ့ ရွေးချယ် ဆုံးဖြတ်မှုနဲ့အတူ ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မာရှဲလ်က ဆိုပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အာဖရိကတိုက် အပါအဝင် ကမ္ဘာအနှံ့မှာ အမေရိကန်ရဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီ အခြေအနေက HIV/AIDS လူနာတွေအတွက် ပုံမှန် ဆေးဝါး ထောက်ပံ့မှုတွေကိုပါ အကျပ်ရိုက်စေပြီး အာဖရိကတိုက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အနာဂတ်အတွက် စိုးရိမ်မှုတွေကိုလည်း မြင့်တက်စေခဲ့ပါတယ်။

ဂိတ်စ်ဟာ သူပိုင်ဆိုင်တဲ့ ငွေကြေးအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းပြီးတဲ့ တိုင်အောင် ဘီလီယံနာ တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေနိုင်ဦးမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ