Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ဗီယက်နမ် ခရီးစဉ်ကို ဖျက်သိမ်း၊ အရှေ့အလယ်ပိုင်းကို ချက်ချင်းထွက်ခွာ

အီရန်နဲ့ အစ္စရေးကြား စစ်ရေးပဋိပက္ခ အရှိန်တက်လာနေချိန်မှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ စစ်အင်အားကို ပိုမိုချဲ့ထွင်ပြီး ဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

AP

အီရန်နဲ့ အစ္စရေးကြား စစ်ရေးပဋိပက္ခ အရှိန်တက်လာနေချိန်မှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ စစ်အင်အားကို ပိုမိုချဲ့ထွင်ပြီး ဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

USS Nimitz လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန်ရေတပ် စစ်ရေယာဉ်အုပ်ဟာ ဗီယက်နမ် အလည်အပတ် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းပြီး ဇွန်လ ၁၆ ရက်နေ့မှာ အရှေ့တောင်အာရှ ရေပြင်ကနေ အရှေ့အလယ်ပိုင်း ဒေသဆီ စတင် ထွက်ခွာလာနေတယ်လို့ ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ စစ်ရေး စွမ်းဆောင်ရည်ကို တိုးမြှင့်ထားမယ်လို့ ကြေညာပြီးတဲ့နောက် အခုလိုမျိုး USS Nimitzရဲ့ ခရီးစဉ် အပြောင်းအလဲ ဖြစ်လာခဲ့တာပါ။ အခုအခါမှာ အဲဒီ လေယာဉ်တင် သင်္ဘောကြီးနဲ့ အခြံအရံ တိုက်လေယာဉ်တွေဟာ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်းနေပါတယ်။

ဗီယက်နမ် အစိုးရ အရာရှိ တစ်ဦးကလည်း USS Nimitzနဲ့ တခြား အမေရိကန် စစ်သင်္ဘောတွေကို လက်ခံကြိုဆိုမယ့် ဇွန်လ ၂၀ ရက်နေ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ မူလက အမေရိကန် ရေတပ်ဖွဲ့ဟာ ဇွန်လ ၁၉ ရက်နေ့မှာ ဗီယက်နမ်ကို ရောက်ရှိပြီး ဇွန်လ ၂၃ ရက်နေ့ထိ ဒါနန်းမှာ ဆိုက်ကပ်ထားဖို့ ရည်ရွယ်ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံရုံးဆီ ပေးပို့တဲ့ အကြောင်းကြားစာထဲမှာတော့ စစ်ဆင်ရေးဆိုင်ရာ အရေးပေါ် လိုအပ်ချက် ကြုံလာတဲ့အတွက် လေယာဉ်တင်သင်္ဘောရဲ့ ဗီယက်နမ် ခရီးစဉ်ကို ပယ်ဖျက်လိုက်ရကြောင်း ရေးသားထားပါတယ်။

အီရန်နဲ့ အစ္စရေးကြား လေကြောင်းကနေ အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာနေတဲ့ အခြေအနေမှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ စစ်အင်အားကို ကာကွယ်ရေး ရည်ရွယ်ချက်တွေအရ ပိုမို အားဖြည့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပြောကြားထားပါတယ်။

ကာကွယ်ရေးအတွက် ပိုမို အလေးထား ပြင်ဆင်ဖို့ ရည်ရွယ်ပြီး အရှေ့အလယ်ပိုင်းမှာ တပ်တွေ တိုးမြှင့် ဖြန့်ကျက်ထားဖို့ သူက တိုက်ရိုက် အမိန့်ပေးထားပြီး ဖြစ်တယ်လို့ ဟက်ဂ်ဆက်သ်က လူမှုကွန်ရက် မီဒီယာ Xကနေ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ပဋိပက္ခကို ရပ်တန့်ဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေ မြင့်တက်နေတဲ့တိုင် အစ္စရေးရော၊ အီရန်ပါ အလျှော့ပေးမယ့် အလားအလာမျိုး လောလောဆယ် မတွေ့ရသေးပါဘူး။ ပဋိပက္ခက ၅ ရက်ထိ ကြာမြင့်လာတဲ့ အတောအတွင်း အီရန်ဖက်က ထိပ်တန်း စစ်ဦးစီး အရာရှိတွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ အရပ်သားတွေ စုစုပေါင်း ၂၂၄ ဦးလောက် သေဆုံးခဲ့ပြီး အစ္စရေးဖက်မှာတော့ အရပ်သား အသေအပျောက် ၂၄ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် တိုက်ခိုက်မှု အသစ်တွေ ပြန်စဖို့ စဉ်းစားခဲ့ပေမယ့် မိတ်ဆွေ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေ ဝိုင်းတားလို့ စိတ်လျှော့ထားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။