Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်မပစ်အောင် အီရန်ကို တားပေးဖို့တရုတ်ကို အမေရိကန်တောင်းဆို

အီရန်ကဟောမုဇ်ရေလက်ကြားကို ပိတ်ချမပစ်အောင် ကူညီစည်းရုံးပေးဖို့ တရုတ်ကို အမေရိကန်ကတောင်းဆိုလိုက်ပါတယ်။

ဟောမုဇ် ရေလက်ကြား။ AFP

ဇွန်-၂၃၊၂၀၂၅/People’s Spring

အီရန်ကဟောမုဇ်ရေလက်ကြားကို ပိတ်ချမပစ်အောင် ကူညီစည်းရုံးပေးဖို့ တရုတ်ကို အမေရိကန်ကတောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက တရုတ်အနေနဲ့ ကမ္ဘာပေါ်မှာရေနံတင်ပို့မှုတွေဖြတ်သန်းသယ်ယူမှု အများဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်မပစ်အောင် ကူညီတားဆီးစေလိုကြောင်းပြောပါတယ်။

အီရန်ဟာနိုင်ငံရဲ့လုံခြုံရေးကို ထိပါးခံလာရတဲ့ အခြေအနေကြရင် ဟောမုဇ်ကို ပိတ်ပစ်မယ်လို့ မကြာခဏ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အမေရိကန်က အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့ နောက်မှာတော့ အီရန် လွှတ်တော်ဟာဟောမုဇ်ကို ပိတ်ပစ်ဖို့ အစီအစဉ်ကို ထောက်ခံ အတည်ပြုပြီး ဖြစ်တယ်လို့ အစိုးရပိုင် Press TV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ရေလက်ကြားကိုတကယ်ပိတ်ပစ်ဖို့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့နိုင်ငံအဓိပတိ ဦးဆောင်တဲ့ အမျိုးသား လုံခြုံရေးကောင်စီက ချမှတ်ရမှာ ဖြစ်ပါတယ်။

ဟောမုဇ်ရေလက်ကြားအပိတ်ခံရပြီဆိုတာနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေ ရိုက်ခတ်လာမှာဖြစ်ပါတယ်။ တရုတ်ဟာ အီရန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေသလို အီရန်က တင်ပို့တဲ့ရေနံကိုပမာဏ အများဆုံးဝယ်ယူတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အမေရိကန်က အစ္စရေး-အီရန် ပဋိပက္ခမှာ တိုက်ရိုက် ပါဝင်လိုက်ချိန် ကတည်းက ကမ္ဘာ့ရေနံစျေးနှုန်းဟာ သိသိသာသာတက်ရိပ်ပြလာပြီးဟောမုဇ်ရေလက်ကြားသာ အပိတ်ခံလိုက်ရရင် ရေနံစျေးကွက်ဟာ အကြီးအကျယ် ဗြောင်းဆန်သွားမယ့် သဘော ဖြစ်ပါတယ်။

ဟောမုဇ်ရေလက်ကြားဟာပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကြားမှာသဘာဝအတိုင်း ထိုးထွက်နေတဲ့ကျွန်းဆွယ်နေရာကြောင့်ကျဉ်းမြောင်းသွားတဲ့ နေရာဖြစ်ပါတယ်။မြောက်ပိုင်းမှာအီရန်နိုင်ငံ ရှိနေပြီးတောင်ဖက်မှာတော့ ယူအေအီး၊ အိုမန်နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ကဟောမုဇ်ကို ပိတ်ထားနိုင်တဲ့စစ်အင်အားမျိုးပိုင်ဆိုင်ထားကြောင်းမကြာခဏကြွေးကြော်လေ့ရှိပါတယ်။

တရုတ် ကိုယ်တိုင်ကလည်း ရေနံတင်သွင်းမှုတွေမှာ ဟောမုဇ် ရေလက်ကြားကို အကြီးအကျယ် မှီခိုနေရတာကြောင့်ရေလက်ကြားမပိတ်အောင်အီရန်ကို တောင်းဆိုပေးဖို့ သူ့အနေနဲ့ တိုက်တွန်းကြောင်း ရူဘီရိုကFoxသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

တကယ်လို့ ရေလက်ကြားကို ပိတ်လိုက်ပြီဆိုရင် စီးပွားရေးအတွက် သေကြောင်းကြံတဲ့ အဓိပ္ပါယ်လို့ ဆိုနိုင်ကြောင်း၊ အဲဒီလို ဖြစ်လာရင် ဘယ်လို တုံ့ပြန် ကိုင်တွယ်မလဲ ဆိုတာတွေ အတွက်လည်း အမေရိကန်ကစဉ်းစားထားတာတွေ ရှိကြောင်း၊ ဒီကိစ္စကိုတခြားနိုင်ငံတွေလည်းအလေးထားစဉ်းစားသင့်ကြောင်း၊ ရေလက်ကြားကို အီရန်ကပိတ်လိုက်မယ်ဆိုရင်အမေရိကန်ထက် တခြားနိုင်ငံတွေရဲ့ စီးပွားရေးကို အများကြီး ပိုအထိနာစေမှာဖြစ်တယ်လို့ ရူဘီရိုက ဆိုပါတယ်။

ကမ္ဘာ့ရေနံတင်ပို့မှုစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းဟာ နှစ်စဉ် ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ရေလက်ကြားကို ပိတ်ဖို့ အားထုတ်တဲ့ ကြိုးစားမှုတိုင်းဟာ ကမ္ဘာ့ရေနံနဲ့ လောင်စာစျေးတွေကို ထိုးတက်သွားစေမယ့် အဓိပ္ပါယ်ပါပဲ။

တရုတ်ဟာ အီရန်ရဲ့ ရေနံကို အများဆုံး ဝယ်ယူတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့လအတွက် စာရင်းတွေအရ နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁.၈ သန်းကျော်ကိုအီရန်ဆီကနေတင်သွင်းခဲ့တယ်လို့သိရပါတယ်။အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဟာလည်း အဲဒီရေလက်ကြားကို ဖြတ်ပြီး သယ်ယူတဲ့ ရေနံကို ကြီးကြီးမားမား အားထား မှီခိုနေကြရပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။