Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို အမေရိကန် လက်နက် ထောက်ပံ့တာတွေ လျှော့ချမှုအတွက် ထရမ့်နဲ့ ယူကရိန်း ဖုန်းဆက် ဆွေးနွေးဖွယ်ရှိ

ယူကရိန်းအတွက် အမေရိကန် စစ်လက်နက် ထောက်ပံ့မှုတချို့ ဖြတ်တောက် လျှော့ချခဲ့တာကို အကြောင်းပြုပြီး နှစ်နိုင်ငံ သမ္မတတွေကြား ဖုန်းဆက် ဆွေးနွေးဖွယ် ရှိတယ်လို့ သိရပါတယ်။

AP

ယူကရိန်းအတွက် အမေရိကန် စစ်လက်နက် ထောက်ပံ့မှုတချို့ ဖြတ်တောက် လျှော့ချခဲ့တာကို အကြောင်းပြုပြီး နှစ်နိုင်ငံ သမ္မတတွေကြား ဖုန်းဆက် ဆွေးနွေးဖွယ် ရှိတယ်လို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အကျိုးစီးပွား ပဓာန မူဝါဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်မှု တစ်ခုအဖြစ် အမေရိကန်ဟာ ယူကရိန်းကို ထောက်ပံ့ပို့ဆောင်နေတဲ့ လက်နက်ခဲယမ်း တချို့ကို လျှော့ချခဲ့ကြောင်း အခုသီတင်းပတ်ထဲမှာ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားနဲ့ ၃ နှစ်ကျော်ကြာ စစ်ဖြစ်နေပြီး လောလောဆယ် ရန်သူ့ထိုးစစ် အရှိန်မြှင့်တင်လာနိုင်တဲ့ အလားအလာတွေ မြင်နေရတဲ့ ယူကရိန်း အတွက်တော့ ဒီအခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

နှစ်ဖက်အစိုးရ ထိပ်ပိုင်း အရာရှိ တချို့က အခုကိစ္စကို အကြောင်းပြုပြီး ထရမ့်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဇူလိုင် ၄ ရက်မှာ ဖုန်းဆက် ဆွေးနွေးဖွယ် ရှိနေကြောင်း ပြောကြားထားပါတယ်။ ဇီလန်စကီးနဲ့ ဖုန်းမပြောခင်မှာ ထရမ့်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အရင်ဆုံး ဖုန်းဆက်နိုင်တယ်ဆိုတဲ့ သတင်းတချို့လည်း ထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ကတော့ တိတိကျကျ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ယူကရိန်းဆီ စစ်လက်နက် အမျိုးအစားတချို့ တင်ပို့မှုကို ရပ်ဆိုင်းထားကြောင်း အတည်ပြုပေမယ့် ဘယ်လို လက်နက်ခဲယမ်းတွေလဲ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒါပေမဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေလည်း ပါဝင်လိမ့်မယ်လို့ ယုံကြည်ရပြီး ရုရှားရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေ အလုံးအရင်း အသုံးပြု တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် အဲဒီကိစ္စက အတော်လေး အထိနာစေမယ့် သဘောပါ။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အိမ်ဖြူတော်မှာ လူသိရှင်ကြား စကားများ ရန်ဖြစ်ခဲ့ကြဖူးသူတွေပါ။ နောက်ပိုင်းမှာ သူတို့နှစ်ဦးကြား တင်းမာမှုတွေကို အထိုက်အလျော့ ဖြေလျှော့ခဲ့ကြသလို ဇွန်လကုန်တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ ကျင်းပခဲ့တဲ့ NATO စစ်မဟာမိတ်အဖွဲ့ ထိပ်သီးညီလာခံမှာ နောက်ဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံထားခဲ့ကြပါတယ်။

ကိုးကား: BAHA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။