Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စမ်းသပ်ဆဲအဆင့် လက်နက်တွေကို စစ်မြေပြင်မှာ လက်တွေ့အသုံးပြုခွင့်အတွက် ယူကရိန်း ဖိတ်ခေါ်

နိုင်ငံရပ်ခြား စစ်လက်နက် ကုမ္ပဏီတွေရဲ့ စမ်းသပ်ဆဲ prototypeအဆင့် စစ်လက်နက်တွေကို စစ်မြေပြင်မှာ လက်တွေ့ အသုံးချနိုင်ခွင့်မျိုး ယူကရိန်းက ကမ်းလှမ်းလိုက်ပါတယ်။

Reuters

နိုင်ငံရပ်ခြား စစ်လက်နက် ကုမ္ပဏီတွေရဲ့ စမ်းသပ်ဆဲ prototypeအဆင့် စစ်လက်နက်တွေကို စစ်မြေပြင်မှာ လက်တွေ့ အသုံးချနိုင်ခွင့်မျိုး ယူကရိန်းက ကမ်းလှမ်းလိုက်ပါတယ်။

ယူကရိန်း အစိုးရ နောက်ခံရှိတဲ့ လက်နက်ရေးရာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝယ်ယူရေးအဖွဲ့ Brave1က ‘ယူကရိန်းမှာ စမ်းသုံးခြင်း’ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက် အသိပေးခဲ့ပြီး ကုမ္ပဏီ အသီးသီး အနေနဲ့ သူတို့ရဲ့ စျေးကွက် မဖြန့်ရသေးခင် လက်တွေ့ စမ်းသပ်ဆဲအဆင့် လက်နက်ပစ္စည်းတွေကို ယူကရိန်းဆီ ပေးပို့နိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီ လက်နက်တွေကို စစ်မြေပြင်မှာ အမှန်တကယ် ထိထိရောက်ရောက် စမ်းသပ်ဖို့အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေကိုတော့ အွန်လိုင်းကနေ ပို့ချပေးရမှာ ဖြစ်ပါတယ်။

အဲဒီနောက် စမ်းသပ်ဆဲအဆင့် လက်နက်တွေကို ယူကရိန်း စစ်သားတွေက ရုရှားနဲ့ တိုက်ခိုက်နေတဲ့ စစ်မြေပြင်မှာ လက်တွေ့ အသုံးချပြီး ရလဒ်တွေကို သက်ဆိုင်ရာ ကုမ္ပဏီဆီ ပြန်လည် အစီရင်ခံ ပေးပို့သွားမှာပါ။

အကျိုးကျေးဇူး အနေနဲ့ ဘယ်လို စစ်ရေး နည်းပညာတွေ တီထွင်နေကြသလဲ ဆိုတာကို ယူကရိန်းက သိနိုင်မှာ ဖြစ်ပြီး ကုမ္ပဏီတွေ ဖက်ကတော့ စစ်မြေပြင်မှာ သူတို့ရဲ့ ထုတ်ကုန်တွေ ဘယ်လို အခြေအနေမှန် ရှိသလဲ ဆိုတာကို နားလည်နိုင်လိမ့်မယ်လို့ Brave1ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေး အကြီးအကဲ အာတမ် မိုရော့ဇ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဖက်က ကမ်းလှမ်းချက်ကို လေးလေးနက်နက် စိတ်ဝင်စားမှုတွေ ရှိနေကြကြောင်း သူက ပြောပေမယ့် ဘယ်နိုင်ငံက ဘယ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေသလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

ယူကရိန်း အစိုးရဟာ ယူကရိန်းရဲ့ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီတွေဆီ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ရရှိစေဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။

မိုရော့ဇ်က Brave1 အနေနဲ့ ဦးစားပေးအဆင့် သတ်မှတ်ပြီး လက်တွေ့ စမ်းသပ်ချင်တဲ့ စစ်ရေး နည်းပညာ တချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာမှ လေကြောင်း ကာကွယ်ရေး ကဏ္ဍဟာ နံပါတ် ၁ ဦးစားပေးဖြစ်ပြီး ဒရုန်းတွေကို ကြားဖြတ် တားဆီးတဲ့ စနစ်တွေ၊ ဉာဏ်ရည်တု (AI) နည်းပညာက ပဲ့ထိန်းပေးတဲ့ ကာကွယ်ရေး စနစ်တွေ၊ ရန်သူ့ ခွင်းဗုံးတွေကို တုံ့ပြန် ဖျက်ဆီးနိုင်တဲ့ စနစ်တွေကို အဓိက စမ်းသပ် အသုံးပြုလိုတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ရေပြင်မှာ မောင်းသူမဲ့ လှုပ်ရှား စစ်ကစားနိုင်တဲ့ ဒရုန်းနည်းပညာတွေ၊ ခြေလျင်တပ်တွေအတွက် အီလက်ထရောနစ် စစ်ဆင်ရေး နည်းပညာတွေကလည်း ယူကရိန်း လက်တွေ့ စမ်းသပ်ကြည့်လိုတဲ့ ဦးစားပေး စနစ်တွေ စာရင်းမှာ ပါဝင်နေပါတယ်။ Brave1ဟာ လက်နက်ကြီး အမြောက်တွေကို ပိုပြီး ပစ်မှတ်တိကျအောင် ချိန်ရွယ်နိုင်မယ့် AI နည်းပညာ အထောက်အပံ့မျိုးကိုလည်း လိုလားနေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။