Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာနိုင်ရေးကို ယူကရိန်း သမ္မတ တောင်းဆို

ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်မှာ လူဒါဇင်နဲ့ချီ သေဆုံးစေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပြီး ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးစားပေးဖို့ မဟာမိတ် နိုင်ငံတွေကို ယူကရိန်း အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Shutterstock

ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်မှာ လူဒါဇင်နဲ့ချီ သေဆုံးစေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပြီး ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးစားပေးဖို့ မဟာမိတ် နိုင်ငံတွေကို ယူကရိန်း အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၃၀ ညပိုင်းနဲ့ ၃၁ ရက် မနက်အစောပိုင်းတွေက ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အစုအပြုံလိုက် ပစ်ခတ်ခဲ့တာကြောင့် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၁၆ ဦး သေဆုံးခဲ့တဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လက်ရှိ ရုရှားအစိုးရ ပြုတ်ကျသွားစေမယ့် ဖိအားပေးမှုတွေ လိုလာပြီလို့ ပြောကြားခဲ့တာပါ။

ညလုံးပေါက် ကြာမြင့်တဲ့ထိ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာရှိတဲ့ ၉ ထပ် တိုက်ကြီး တစ်လုံးရဲ့ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပြီး လူပေါင်း ၁၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇီလန်စကီးက သမ္မတ ဗလာဒီမာ ပူတင် ဦးဆောင်နေတဲ့ ရုရှားအစိုးရကို ဖြုတ်ချမပစ်နိုင်ဘူးဆိုရင် ဒေသတွင်း တည်ငြိမ်မှုတွေကို ရေရှည် ခြိမ်းခြောက်နေဦးမှာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ တကယ်လို့ ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် လုပ်ဆောင်ဖို့ ကမ္ဘာကြီးက ရည်ရွယ် မထားဘူးဆိုရင် လက်ရှိစစ်ပွဲ အဆုံးသတ်သွားရင်တောင်မှ ရုရှားဟာ အိမ်နီးချင်း နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် ဆက်ပြီး မွှေနေလိမ့်ဦးမယ်လို့ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ်ကို ရုရှားက လောလောလတ်လတ် တိုက်ခိုက်ခဲ့မှုမှာတော့ ဒရုန်းအစီး ၃၀၀ ကျော်နဲ့ ခရုစ်ဒုံးကျည် ၈ စင်းကို ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ယူကရိန်းနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ရန်လို တိုက်ခိုက်မှုတွေကို ဝေဖန်ခဲ့သလို ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေအတွက် စဉ်းစားနေတယ်လို့ ပြောပါတယ်။ ရုရှား လုပ်နေတာတွေကို သူက အရမ်းစက်ဆုပ်တယ်လို့ ထရမ့်က ဇူလိုင် ၃၁ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။ သူက ရုရှားကို ပိတ်ဆို့ အရေးယူမှု အသစ်တွေ သတ်မှတ်ကျင့်သုံးဖို့ စဉ်းစားနေပေမယ့် တစ်ဖက်မှာလည်း အဲဒီအရေးယူမှုတွေက ပူတင်ကို ထိခိုက်စေရဲ့လား ဆိုတာ မတွေးတတ်ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲအောင် ကြားဝင် ဖိအားပေးတာတွေ ရှိနေပေမယ့် နောက်ပိုင်းမှာတော့ ရုရှားက စစ်ရပ်စဲရေးကို အမှန်တကယ် အားထည့် ကြိုးစားမှု မရှိဘူးဆိုပြီး ပူတင်အပေါ် သိသိသာသာ ဝေဖန်လာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။