Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ Patriot လေကြောင်း ကာကွယ်ရေး စနစ်တွေ အမြန်ဆုံး ပို့ဆောင်ဖို့ ဂျာမနီ စီစဉ်နေ

လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းအတွက် Patriot လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ် ၂ ခုကို လက်လွှဲ ပို့ဆောင်သွားမယ်လို့ ဂျာမနီက ပြောပါတယ်။

Reuters

လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းအတွက် Patriot လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ် ၂ ခုကို လက်လွှဲ ပို့ဆောင်သွားမယ်လို့ ဂျာမနီက ပြောပါတယ်။

ဂျာမနီဟာ အဲဒီ အမေရိကန်လုပ် ဒုံးခွင်းဒုံး စစ်လက်နက်တွေကို ရက်ပိုင်းအတွင်း ယူကရိန်းဆီ ပို့ဆောင်ဖို့ စီစဉ်နေပြီး လာမယ့် လပိုင်းတွေအတွင်း နောက်ထပ် စနစ်တချို့ ထပ်ပြီး လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ Patriotတွေကို ဂျာမနီရဲ့ လက်နက်တိုက်ထဲကနေ တိုက်ရိုက် ပေးပို့မှာဖြစ်ပြီး အဲဒီ လစ်ဟာမှုကို မြန်နိုင်သမျှ အမြန်ဆုံး အစားထိုးနိုင်အောင် ဂျာမနီကို ပြန်လည် ကူညီ ဖြည့်တင်းပေးမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ Patriotတွေ အပါအဝင် စစ်လက်နက်တွေကို NATO စစ်မဟာမိတ် အဖွဲ့နဲ့ ဥရောပ နိုင်ငံတွေက ဝယ်ယူပြီး ယူကရိန်းဆီ လွှဲပြောင်း ထောက်ပံ့ပေးမယ့် အစီအစဉ်ကို သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ကြေညာထားပါတယ်။ အဲဒီ အစီအစဉ်အရ အမေရိကန်ဟာ Patriotတွေကို ယူကရိန်းဆီ ပေးပို့မှာ ဖြစ်သလို ပိုပြီး မြန်ဆန်တဲ့ ရွေးချယ်မှု နည်းလမ်းတစ်ခု အနေနဲ့ ဥရောပ နိုင်ငံတွေ ဝယ်ယူပြီးသား စနစ်တွေကို ယူကရိန်းဆီ ပို့ဆောင်ဖို့၊ ပြီးမှ အဲဒီနိုင်ငံတွေကို အမေရိကန်က အသစ်ပို့တဲ့ Patriotတွေနဲ့ အစားထိုးဖို့ ဆိုတာကိုလည်း ပြင်ဆင်ထားပါတယ်။

အခု ဂျာမနီကနေ ယူကရိန်းဆီ Patriotတွေ လက်လွှဲပို့ဆောင်မယ့် ကိစ္စမှာ ကုန်ကျစရိတ်တွေကို ဂျာမနီက ကျခံမှာ ဖြစ်တယ်လို့လည်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ အများအပြား အသုံးပြု တိုက်ခိုက်မှုကို ခံနေရတဲ့ ယူကရိန်း အတွက်တော့ Patriotလို အစွမ်းထက် လေကြောင်းကာကွယ်ရေး လက်နက်တွေကို အပူတပြင် လိုအပ်နေပါတယ်။ လောလောဆယ် ယူကရိန်းဟာ Patriot စနစ်တွေကို လက်တွေ့ အသုံးပြုနေပေမယ့် အရေအတွက် မလုံလောက်သေးကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားပါတယ်။

ဂျာမနီကတော့ ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်ချိန်ကစလို့ ယူကရိန်းအတွက် စုစုပေါင်း Patriot စနစ် ၃ ခုထိ ပို့ဆောင်ပြီးသားပါ။ ဒါပေမဲ့ အမေရိကန်က မြန်မြန်ဆန်ဆန် အစားထိုးပေးမယ်ဆိုတဲ့ အာမခံချက်ကို မရမချင်း နောက်ထပ် Patriotတွေ ပေးပို့ဖို့ ကိစ္စကို ဂျာမနီက တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အမေရိကန်က ယူကရိန်းဆီ NATO မဟာမိတ်တွေက ပို့ဆောင်မယ့် စစ်လက်နက်တွေကို အမြန်ဆုံး အစားထိုးနိုင်အောင် ကူညီမယ်လို့ လက်ခံ ကတိပြုထားခြင်းနဲ့အတူ အမေရိကန် မဟာမိတ် ဥရောပ နိုင်ငံတွေဟာ ယူကရိန်းဆီ လက်နက်တွေ ခပ်မြန်မြန် လွှဲပြောင်းရေး အပူတပြင်း လုပ်ဆောင်လာကြတယ်လို့ NATOရဲ့ ဥရောပ ကွပ်ကဲရေး စစ်ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး မာတင် အယ်လ်အိုဒေါ်နယ်လ်က ဆိုပါတယ်။

NATOရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးကလည်း ဂျာမနီရဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းပန်းတသာ ကြိုဆိုကြောင်း ပြောပါတယ်။ ဥရောပ နိုင်ငံတွေက ယူကရိန်းဆီ လက်နက်တွေ ထောက်ပံ့ပို့ဆောင်မှုမှာ ဂျာမနီက ဦးဆောင်ဦးရွက် ရပ်တည်ပေးနေတာဟာ သတင်းကောင်း ဖြစ်ကြောင်း၊ ဂျာမနီရဲ့ ကူညီမှုတွေကြောင့် ယူကရိန်းဟာ နိုင်ငံရဲ့ ကောင်းကင်ယံ၊ ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး ရုရှားရဲ့ ရန်လို ကျူးကျော်မှုကို ဆန့်ကျင်နိုင်မှာဖြစ်ကြောင်း ရူတေးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook