Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာလို့ ဗီယက်နမ်မှာ လူ ၆ သိန်းနီးပါးကို အရေးပေါ် ပြောင်းရွှေ့

အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဗီယက်နမ် နိုင်ငံမှာ လူပေါင်း ၆ သိန်း နီးပါးကို အရေးပေါ် ပြောင်းရွှေ့မှုတွေ ကူညီ ဆောင်ရွက်ပေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

AFP

အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဗီယက်နမ် နိုင်ငံမှာ လူပေါင်း ၆ သိန်း နီးပါးကို အရေးပေါ် ပြောင်းရွှေ့မှုတွေ ကူညီ ဆောင်ရွက်ပေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်း တာဂျီကီဟာ တောင်တရုတ်ပင်လယ်ထဲမှာ အနောက်ဖက်ကို တဖြည်းဖြည်း ဦးတည် ရွေ့လျားရင်း ဗီယက်နမ် အရှေ့ဖက် ကမ်းရိုးတန်းဆီ ဦးတည်နေပါတယ်။ မုန်တိုင်းဟာ တဖြည်းဖြည်း အားပိုကောင်းလာပြီး ဩဂုတ် ၂၄ ရက် ညပိုင်းမှာတင် တစ်နာရီ လေတိုက်နှုန်း ၁၆၆ ကီလိုမီတာထိ ပြင်းထန်နေကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ဗီယက်နမ် အလယ်ပိုင်းမှာရှိတဲ့ သန်ဟိုအာ၊ ကွမ်ထရီ၊ ဟူးနဲ့ ဒါနန်း ပြည်နယ်တွေမှာတော့ မုန်တိုင်း မတိုင်ခင် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ဖို့ လူပေါင်း ၅၈၆၀၀၀ ကို အရေးပေါ် အကြောင်းကြား အသိပေးထားတာ ဖြစ်ပါတယ်။

မုန်တိုင်း ဖြတ်သန်းမယ့် လမ်းကြောင်းမှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်နားထားစေပြီး လှေတွေကိုလည်း ပင်လယ်ပြင် မထွက်ဘဲ ကမ်းကပ်ထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဟာ ဗီယက်နမ်အပြင် လာအို၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို သက်ရောက်မှု ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တရုတ်ရဲ့ ဟိုင်နန်ကျွန်းမှာတော့ သည်းသည်းမည်းမည်း မိုးရွာသွန်းမှုတွေ ကြုံနိုင်ကြောင်း သတိပေး ကြေညာထားပြီး ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်မှုများတဲ့ နေရာတွေ၊ အများပြည်သူ အသုံးပြုတဲ့ ပို့ဆောင်ရေး စနစ်တွေ၊ ရုံးတွေကို ပိတ်ထားဖို့ ညွှန်ကြားထားပြီး လူ ၂၀၀၀၀ လောက်ကိုလည်း ကြိုတင်ရွှေ့ပြောင်းထားစေပါတယ်။

တာဂျီကီဟာ ဩဂုတ် ၂၅ ရက်နေ့မှာ ဗီယက်နမ် ကမ်းရိုးတန်းကို စတင်ဖြတ်သန်း ဝင်ရောက်မှာဖြစ်ပြီး အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၁၈၀ ကီလိုမီတာလောက်ထိ ပြင်းထန်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်း ဝင်ရောက်ပြီးတာနဲ့ အားပျော့သွားမှာ ဖြစ်ပေမယ့် ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှာ လွန်လွန်ကဲကဲ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် ကမ်းရိုးတန်း ဧရိယာတွေဆီကို ၁၃ ပေလောက်ထိမြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်နိုင်ခြေ ရှိတယ်လို့လည်း ကြေညာထားပါတယ်။

အခြေအနေက အရမ်း စိုးရိမ်ရပြီး အလေးထား ကိုင်တွယ်ဖို့ တုံ့ပြန်ဖို့ လိုအပ်ကြောင်း၊ အဲဒီ မုန်တိုင်းမျိုးဟာ အဆောက်အအုံတွေ၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လည်ပတ်မှုတွေ၊ ငါးဖမ်းလုပ်ငန်းတွေ ဘာတစ်ခုအတွက်ကိုမှ မလုံခြုံနိုင်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဗီယက်နမ် လေကြောင်းလိုင်းက ဩဂုတ် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ နိုင်ငံ အလယ်ပိုင်း မြို့တွေနဲ့ အသွားအပြန် လေယာဉ်ခရီးစဉ် ၂၂ ခုကို ဖျက်သိမ်းထားကြောင်း အတည်ပြုပါတယ်။

အာဏာပိုင်တွေက တာဂျီကီဟာ မနှစ်က စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီလိုပဲ အရမ်း ဖျက်ဆီးအား ပြင်းထန်မှာကို စိုးရိမ်နေကြပါတယ်။ ယာဂီကြောင့် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ စုစုပေါင်း ထောင်နဲ့ချီ အသေအပျောက်တွေ ရှိခဲ့ပြီး ဗီယက်နမ် တစ်နိုင်ငံတည်းမှာတင် လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။