Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်း ကာဂျီကီကြောင့် ဗီယက်နမ်မှာ ၃ ဦးသေဆုံး၊ မြို့တော် ဟနွိုင်းမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီကြောင့် ဗီယက်နမ် နိုင်ငံမှာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး မြို့တော် ဟနွိုင်းမှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီကြောင့် ဗီယက်နမ် နိုင်ငံမှာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး မြို့တော် ဟနွိုင်းမှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကာဂျီကီ မုန်တိုင်းဟာ ဗီယက်နမ်ရဲ့ အရှေ့ဖက် ကမ်းရိုးတန်းကို ဩဂုတ် ၂၅ ရက်နေ့မှာ စတင်ဝင်ရောက် တိုက်ခတ်ပြီး လာအိုနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းဖက်ဆီ ဆက်လက် ဦးတည် ရွေ့လျားသွားခဲ့ပါတယ်။ မုန်တိုင်း တိုက်ခတ်ပြီး အစောပိုင်း ကာလတွေမှာ ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေကို အတိအကျ မသိရပေမယ့် ၂၄ နာရီလောက် အကြာမှာတော့ အာဏာပိုင်တွေက သတင်း အချက်အလက် အသစ်တွေကို ထုတ်ပြန်လာခဲ့ပါတယ်။

မုန်တိုင်းရဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေကြောင့် အိမ်ပေါင်း ၇၀၀၀ လောက် ပျက်စီးခဲ့ပြီး စပါးခင်း ဟက်တာပေါင်း ၂၈၈၀၀ လောက် ရေမြုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သစ်ပင်ပေါင်း ၁၈၀၀၀ လောက်နဲ့ ဓာတ်တိုင် ၃၃၁ တိုင်လည်း လဲပြိုခဲ့ကြောင်း သိရပါတယ်။

တန်ဟွာ၊ ငီအန်း၊ ဟာထင်၊ ထိုင်ငုယန်နဲ့ ဖူသို ပြည်နယ်တွေမှာ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် ဒေသတွေမှာ ရေကြီးမှု၊ မြေပြိုမှု သတင်းတွေ ကြားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြို့တော် ဟနွိုင်းမှာလည်း လမ်းတွေပါ ရေနစ်မြုပ်ကုန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းထိ အခြေအနေအရ မုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူ ၃ ဦးသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ကာဂျီကီဟာ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အဆင့်ထိ အားပျော့သွားပေမယ့်လည်း မုန်တိုင်းအရှိန်နဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ဖြစ်နေနိုင်ကြောင်း ဗီယက်နမ် မိုးလေဝသ အေဂျင်စီက သတိပေး ကြေညာထားပါတယ်။

ဗီယက်နမ်ဟာ တိုင်ဖွန်းကာဂျီကီ မဝင်ရောက်ခင် ကတည်းက အန္တရာယ်ဇုန် ဖြစ်နိုင်တဲ့ ဒေသတွေမှာ နေထိုင်သူ ၆ သိန်း နီးပါးလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားခဲ့ပြီး ကြိုတင် ပြင်ဆင်မှုတွေလည်း အင်တိုက်အားတိုက် လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း အသေအပျောက် နည်းပါးခဲ့တယ်လို့ ယူဆရပါတယ်။

မနှစ်တုန်းကတော့ တိုင်ဖွန်းမုန်တိုင်းယာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဗီယက်နမ်မှာ လူပေါင်း ၃၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။