Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကတော်ဟောင်းကို အစိုးရ ရှေ့နေတွေ စွဲချက်တင်

တောင်ကိုရီးယား သမ္မတ ကတော်ဟောင်း ကင်မ်ကွမ်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ တခြား စွပ်စွဲချက်တွေအတွက် တရားဝင် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

Reuters

တောင်ကိုရီးယား သမ္မတ ကတော်ဟောင်း ကင်မ်ကွမ်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ တခြား စွပ်စွဲချက်တွေအတွက် တရားဝင် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

ကင်မ်ရဲ့ အမှုကို အထူးတာဝန်ယူ ကိုင်တွယ် စုံစမ်းနေတဲ့ အစိုးရရှေ့နေ အဖွဲ့က အဲဒီလို စွဲချက်တင်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဩဂုတ် ၂၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ကင်မ်ဟာ လောလောဆယ်မှာတော့ ဆိုးလ်မှာ ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ဆွတ်ခ်ယောကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေကြောင့် အဖမ်းခံထားရပါတယ်။ တောင်ကိုရီးယား သမိုင်းမှာတော့ သမ္မတဟောင်းရော၊ သမ္မတကတော်ဟောင်းပါ တပြိုင်တည်း ထောင်ထဲရောက်နေတာဟာ အခုတစ်ကြိမ် ပထမဆုံးပါပဲ။

ယွန်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘောင်ကျော်ချိုးဖောက်မှု အပါအဝင် စွပ်စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။ သူနဲ့ ဇနီးဖြစ်သူ ကင်မ်တို့ကို လက်ရှိ သမ္မတ လီဂျေမြောင် လက်ထက်မှာ သီးခြားစီ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင်တွေက အသီးသီး စစ်ဆေး မေးမြန်းနေပါတယ်။

ကင်မ်ဟာ သမ္မတကတော် ဘဝမှာရော၊ အဲဒီမတိုင်ခင် စီးပွားရေး လုပ်ငန်းရှင် ဘဝမှာပါ အဂတိမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ စတော့ရှယ်ယာ စျေးကွက်ကို မရိုးမသား ခြယ်လှယ်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။ အသက် ၅၂ နှစ်အရွယ် ကင်မ်ကို စွဲချက်တင်လိုက်တယ် ဆိုတာဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာတော့ သမ္မတကတော်ဟောင်းတစ်ဦး ပထမဆုံးအကြိမ် တရားစွဲဆို ခံရခြင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ရဲ့ ရှေ့နေတွေကတော့ သူတို့ရဲ့ အမှုသည်ဟာ အပြစ်ကင်းစင်ကြောင်း ပြောကြားထားပြီး မီဒီယာတချို့က ဖော်ပြနေတဲ့ လာဘ်ယူတဲ့ ကိစ္စတွေက မမှန်ကန်၊ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ယွန်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာနဲ့ ဆက်စပ်ပြီး ယွန်ရဲ့ လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဟန်ဒက်ခ်ဆူကိုလည်း ဩဂုတ် ၂၉ ရက်နေ့မှာ အစိုးရ ရှေ့နေတွေက စွဲချက်တင်ခဲ့ကြောင်း သိရှိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook