Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Hyundai စက်ရုံ စီးနင်းခံရမှုမှာ အဖမ်းခံရတဲ့ နိုင်ငံသားတွေကို အမေရိကန်ကနေ ပြန်ခေါ်ဖို့ တောင်ကိုရီးယား စီစဉ်

အမေရိကန်မှာ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundaiရဲ့ စက်ရုံတစ်ခုကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက စီးနင်းမှုအပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ နိုင်ငံသား ၃၀၀ ကျော်ကို နေရပ် ပြန်ခေါ်မယ်လို့ တောင်ကိုရီးယားက အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်မှာ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundaiရဲ့ စက်ရုံတစ်ခုကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက စီးနင်းမှုအပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ နိုင်ငံသား ၃၀၀ ကျော်ကို နေရပ် ပြန်ခေါ်မယ်လို့ တောင်ကိုရီးယားက အစိုးရက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျော်ဂျီယာ ပြည်နယ်ထဲမှာရှိတဲ့ Hyundai လျှပ်စစ်ကား စက်ရုံကို လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက အင်အားအလုံးအရင်းနဲ့ စီးနင်းရှာဖွေခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြားသား ၄၇၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၃၀၀ ကျော်ဟာ တောင်ကိုရီးယား နိုင်ငံသားတွေလို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာတော့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ရဲ့ အနီးကပ် အကြံပေး ကန်ဟွန်ဆစ်ခ်က အဲဒီ တောင်ကိုရီးယား နိုင်ငံသားတွေ လွတ်မြောက်ရေးကိစ္စ အမေရိကန်နဲ့ ညှိနှိုင်းထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူက လုပ်ထုံးလုပ်နည်းဆိုင်ရာ ညှိနှိုင်းမှုတချို့ ပြီးဆုံးရင် အဖမ်းခံထားရသူတွေကို ပြန်ခေါ်ဖို့ စင်းလုံးငှား လေယာဉ်တစ်စီး အမေရိကန်ဆီ စေလွှတ်ပေးမယ်လို့ ဆိုပါတယ်။ ပြီးတော့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ ချောချောမောမော ပြန်လွတ်ရေးအတွက် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်းဟာ စက်တင်ဘာ ၈ ရက်နေ့မှာ အမေရိကန်ကို သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းကို ရောက်နေတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် ဖမ်းဆီးပြီး နှင်ထုတ်ဖို့ ဆိုတာဟာ ထရမ့်အစိုးရရဲ့ မဟာဗျူဟာ မူဝါဒတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားကိုတောင် ခြွင်းချက်မပေးဘဲ Hyundaiစက်ရုံကို စီးနင်းစေခဲ့တဲ့ ထရမ့်ရဲ့ လုပ်ဆောင်ချက်ကတော့ အားလုံးကို မင်သက်စေခဲ့ပါတယ်။

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ အေးဂျင့်တွေဟာ စက်ရုံဝင်းထဲကို ကားတွေနဲ့ ဝင်လာပြီး ဝန်ထမ်းတွေကို တန်းစီ ရပ်ခိုင်းနေတာ တွေ့ခဲ့ရပါတယ်။ နောက်တော့ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ပြီး အဖမ်းခံရသူတွေထဲက အများစုကို ဖော့ခ်စတန် မြို့ထဲမှာရှိတဲ့ ရွှေ့ပြောင်း အခြေချသူ ထိန်းသိမ်းရေး စင်တာတစ်ခုဆီ ပို့ဆောင်ခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ အမိမြေ လုံခြုံရေးဌာနရဲ့ ဦးဆောင် စုံစမ်းရေးမှူး စတီဗန် ရှာရန့်ခ်ကတော့ Hyundai စက်ရုံထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။

အဲဒီထဲမှာ အမေရိကန် နယ်စပ်ကို တရားမဝင် ဖြတ်သန်းဝင်ရောက်လာသူတွေ၊ တရားဝင် ဝင်လာပေမယ့် ဗီဇာသက်တမ်း ကုန်ဆုံးနှင့်နေသူတွေ၊ နောက်ပြီး အလုပ်လုပ်ခွင့် မရှိတဲ့ ဗီဇာနဲ့ ဝင်ရောက်လာသူတွေ ပါဝင်နေတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။