Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ခဲယမ်းစက်ရုံ ပေါက်ကွဲ၊ သေဆုံးမှုတွေ ရှိခဲ့ပြီး ၁၉ ဦး ပျောက်ဆုံးနေ

အမေရိကန်မှာ ခဲယမ်းမီးကျောက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်မှာ ခဲယမ်းမီးကျောက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က တင်နက်ဆီ ပြည်နယ်ထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာ ဟမ်းဖရေး ခရိုင်ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ခရစ္စဒေးဗစ်က စက်ရုံ အဆောက်အအုံဟာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပြားပြားဝပ် လဲပြိုသွားခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေ ရှိခဲ့ပေမယ့်လည်း အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုတယ်။ လူ ၄၊ ၅ ယောက်လောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း၊ ပျောက်ဆုံးနေသူ ၁၉ ဦး သတင်းရထားပြီး အပူတပြင်း လိုက်ရှာနေဆဲဖြစ်ကြောင်းလည်း ဒေးဗီးက သတင်းထောက်တွေဆီ ပြောပြခဲ့ပါတယ်။

ပေါက်ကွဲတဲ့ နေရာမှာတော့ ဘာတစ်ခု အကောင်းအတိုင်း မကျန်လောက်အောင် အခြေအနေ ဆိုးရွားလွန်းခဲ့ကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခဲယမ်းမီးကျောက် စက်ရုံဟာ ဘက်ခ်စနော့မြို့နားမှာ တည်ရှိပြီး ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြားကို ထုတ်လုပ်၊ ကိုင်တွယ်၊ သိုလှောင်တဲ့ နေရာတစ်ခုလို့ ရဲတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဘာကြောင့် ဖြစ်သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗိဒီယိုတွေမှာတော့ စက်ရုံနေရာဟာ မီးလောင်ပြင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီး မီးကျွမ်းထားတဲ့ အပျက်အစီးတွေ၊ မီးခိုးတွေ အူထွက်နေတဲ့ ယာဉ်အပျက်တွေ၊ စက်ရုံ အဆောက်အအုံဆီက အစအနတွေကိုပဲ တွေ့ခဲ့ရပါတယ်။ အဲဒီ စက်ရုံကို Accurate Energetic Systems ကုမ္ပဏီက ပိုင်ဆိုင်တာပါ။

သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေးဗစ်ဟာ စိတ်ထိခိုက် တုန်လှုပ်နေဟန်ရှိခဲ့ပြီး လူအသေအပျောက် စာရင်းကို တိတိကျကျ ထုတ်ပြောဖို့တော့ ငြင်းဆန်သွားပါတယ်။ ပေါက်ကွဲချိန်တုန်းက စက်ရုံ လည်ပတ်နေပြီး ဝန်ထမ်းတွေ ရှိနေတယ် ဆိုတာကိုတော့ သူက အတည်ပြုခဲ့ပါတယ်။ ပထမတစ်ကြိမ် ပေါက်ကွဲခဲ့ပြီးတဲ့နောက် ထပ်ဆင့် ပေါက်ကွဲမှုတွေကြောင့် ကယ်ဆယ်ရေးတွေ၊ မီးသတ်တွေဟာ စက်ရုံနဲ့ ချက်ချင်း ချဉ်းကပ်လို့ မရခဲ့ကြောင်းလည်း ဒေးဗစ်က ပြောပါတယ်။

တင်နက်ဆီ ပြည်နယ် အစိုးရကတော့ ပေါက်ကွဲမှု နောက်ဆက်တွဲ စုံစမ်းမှုတွေ၊ ကိုင်တွယ်မှုတွေကို ဖက်ဒရယ် အစိုးရ အရာရှိတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မီးလောင်ပြင်မှာ စုံစမ်းစစ်ဆေးမှုတွေအပြီး ကနဦး ထုတ်ပြန်ချက်မှာတော့ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး ပတ်ဝန်းကျင် ဧရိယာတွေအတွက် ဥပါဒ် မဖြစ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။