Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် ‘ပစ်အား’ အထောက်အပံ့ကောင်းတွေ ရလာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

ယူကရိန်းအတွက် ‘ပစ်အားကောင်းကောင်း’မျိုး ရသွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ယူကရိန်းအတွက် ‘ပစ်အားကောင်းကောင်း’မျိုး ရသွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တကယ်လို့ ရုရှားက ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကို စိတ်အားထက်ထက်သန်သန် လုပ်ဆောင်တာမျိုး မရှိဘူးဆိုရင် အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့တွေကလည်း သင့်တော်တယ်လို့ ယူဆတဲ့ တုံ့ပြန်မှုတွေ ရုရှားအပေါ် လုပ်ဆောင်သွားမယ်လို့ ပိထ်ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

အဲဒီအတွက် ယူကရိန်းဆီကို အားကောင်းတဲ့ ပစ်အား အထောက်အပံ့မျိုး ရသွားနိုင်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ယူကရိန်းအတွက် Tomahawk ခရုစ်ဒုံးကျည်တွေ ရောင်းချပေးဖို့ စဉ်းစားနေကြောင်း ထုတ်ပြောပြီး မကြာခင်မှာ ဟက်ဂ်ဆက်သ်ဆီက အခုလို စကားမျိုး ထွက်ပေါ်လာတာပါ။

အမေရိကန်ဟာ NATO မဟာမိတ်တွေဆီ စစ်လက်နက်တွေ ရောင်းချပေးပြီး ယူကရိန်းဆီ သွယ်ဝိုက် ထောက်ပံ့ဖို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဟက်ဂ်ဆက်သ် ရည်ညွှန်းတဲ့ အားကောင်းတဲ့ ပစ်အား အထောက်အပံ့ ဆိုတာဟာ Tomahawkတွေ ရောင်းချပေးရေးကို ဆိုလိုတာလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

Public Service Announcement

Public Service Announcement

Tomahawkတွေဟာ အမေရိကန်ရဲ့ လက်နက်တိုက်ထဲက စွမ်းဆောင်ရည် အထက်မြက်ဆုံး တာဝေးလက်နက် အမျိုးအစား တစ်ခုဖြစ်ပြီး ကီလိုမီတာ ၂၅၀၀ လောက် အကွာက ပစ်မှတ်တွေကို ချေမှုန်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီဒုံးကျည်တွေကို ရလာမယ်ဆိုရင် ယူကရိန်းဟာ ရုရှားရဲ့ မော်စကို မြို့တော်ကိုပါ ခြိမ်းခြောက်လာနိုင်မယ့် အဓိပ္ပါယ်ပါ။

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေခဲ့တဲ့ ၃ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီး အဲဒီ ကာလတလျှောက်မှာ အမေရိကန်ရဲ့ လက်နက်တွေအပေါ် အကြီးအကျယ် မှီခိုခဲ့ရပါတယ်။

NATOဟာ အမေရိကန်ဆီက ဒေါ်လာ ၂ ဘီလီယံဖိုး စစ်လက်နက်တွေ ဝယ်ယူပြီး ယူကရိန်းဆီ ပေးပို့ဖို့ ပြင်ဆင်နေပြီး အဲဒီ လက်နက်ခဲယမ်း အသစ်တွေကို အောက်တိုဘာလထဲမှာ လက်ခံရရှိဖို့ ယူကရိန်း အစိုးရက မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ပမာဏ အားဖြင့်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အဆိုပြုထားတဲ့ ဒေါ်လာ ၃.၅ ဘီလီယံဖိုးနဲ့ယှဉ်ရင် ပိုနည်းပါးသွားပါတယ်။

ဟက်ဂ်ဆက်သ်က NATO မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် စကားချည်း သက်သက်မဟုတ်ဘဲ လက်တွေ့လည်း ပိုမို ထည့်ဝင် မြှုပ်နှံပေးကြဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။ NATOဟာ ယူကရိန်းရဲ့ ဦးစားပေး လိုအပ်ချက်များ စာရင်း (PURL)ဆိုတာကို ဆန်းစစ် ပြင်ဆင်ထားပြီး အဲဒီ လိုအပ်ချက်တွေကို ကူညီထည့်ဝင်ဖို့ အဖွဲ့ဝင် နိုင်ငံ ထက်ဝက်လောက်က ကတိပေးထားပြီး ဖြစ်တယ်လို့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက ဆိုပါတယ်။

Tomahawkတွေဟာ ယူကရိန်း အလိုချင်ဆုံး စစ်လက်နက် အမျိုးအစား တစ်ခုဖြစ်ပြီး အဲဒီဒုံးကျည်တွေ ဝယ်ယူပေးဖို့ NATOကို ဇီလန်စကီးက တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီ ဒုံးကျည်တွေ ရောင်းချပေးမပေး ဆိုတာကိုတော့ ထရမ့်က နောက်ဆုံး အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။