Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ထားပေမယ့် ဂါဇာအနှံ့မှာ အစ္စရေး တိုက်ခိုက်၊ ရန်ပြုခံရလို့ တုံ့ပြန်တာလို့ပြော

အစ္စရေး စစ်သားတွေကို ပစ်မှတ်ထား ရန်မူမှုကြောင့် ဂါဇာကမ်းမြှောင်ဒေသ အနှံ့မှာ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေး စစ်သားတွေကို ပစ်မှတ်ထား ရန်မူမှုကြောင့် ဂါဇာကမ်းမြှောင်ဒေသ အနှံ့မှာ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင် စေ့စပ်ပေးထားတဲ့ ဂါဇာ အပစ်ရပ် သဘောတူညီမှုဟာ အရင်ကတည်းက အရမ်း ထိလွယ်ရှလွယ် ဖြစ်နေခဲ့ရာက အခုကိစ္စကြောင့် ပိုပြီး ယိမ်းယိုင်လာနေပါတယ်။ ဟားမားစ် ပြောက်ကျားတွေရော၊ အစ္စရေး စစ်တပ်ကပါ အပစ်အခတ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန် ဝေဖန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ အစ္စရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာကြောင့် ဂါဇာအနှံ့က ဟားမားစ် ပစ်မှတ်တွေကို စစ်ရေးအရ လက်တုံ့ပြန်ခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ အစ္စရေး စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဂါဇာ ဒေသခံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေကတော့ နေရာအနှံ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ တင့်ကားတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ယောက်ကတော့ ဟားမားစ်တွေဖက်က ရန်စခဲ့တဲ့အတွက် လက်တုံ့ပြန်ဖို့ နောက်ထပ် စစ်ဆင်ရေးတွေ ထပ်လုပ်ကောင်း လုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အစ္စရေး စစ်တပ်ရဲ့ အဆိုအရ ဂါဇာတောင်ပိုင်း၊ ရာဖားဟ်မြို့တဝိုက်မှာရှိတဲ့ စစ်သွေးကြွ ပစ်မှတ်တွေကိုလည်း တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နေတန်ညာဟုကလည်း ဟားမားစ် စစ်သွေးကြွတွေက အပစ်ရပ် သဘောတူညီမှုကို စတင်ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အဲဒီအတွက် အင်ပြည့်အားပြည့် တုံ့ပြန်ဖို့ စစ်တပ်ကို သူက အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဟားမားစ်ဖက်ကတော့ ဂါဇာမှာ အပစ်ရပ် သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားဆဲလို့ ထုတ်ပြန်ခဲ့ပြီး ရာဖားဟ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အကြောင်း မြေပြင်သတင်းတွေ မရသေးဘူးလို့ ဆိုပါတယ်။

ဂါဇာ အပစ်ရပ် သဘောတူညီမှုဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ စတင် အသက်ဝင်ပြီး သက်တမ်း တစ်ပတ်ကျော်လောက် အကြာမှာတင် မရေမရာ အနေအထားတွေ ဖြစ်လာတာပါ။ အပစ်စရပ်တဲ့ နေ့ကတည်းက ဟားမားစ်နဲ့ အစ္စရေးတို့ကြား သဘောတူညီမှု ချိုးဖောက်ပါတယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေခဲ့ပါတယ်။

အပစ်ရပ် ကာလအတောအတွင်း ဂါဇာတောင်ပိုင်းမှာရှိတဲ့ အီဂျစ်နိုင်ငံနဲ့ နယ်စပ်ကနေ ရာဖားဟ်မြို့ကို ဖြတ်ပြီး လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ အလုံးအရင်း တင်ပို့နိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် စစ်ရေး အခြေအနေတွေ တင်းမာနေတာကြောင့် နယ်စပ်ဂိတ်ကို ပိတ်ထားရဆဲပါ။

အစ္စရေးကတော့ အပစ်ရပ် သဘောတူညီမှုအပေါ် ဟားမားစ်က အမှန်တကယ် အလေးထား လိုက်နာမှု ပြမပြ ဆိုတဲ့အပေါ် မူတည်ပြီး ရာဖားဟ် နယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ စဉ်းစားမယ်လို့ သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

Facebook