Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ကူးတို့ရေယာဉ် သောင်တင်ပြီး လူ ၂၇၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရ

တောင်ကိုရီးယားက ကျောက်ဆောင်ထူထပ်တဲ့ ကမ်းခြေတစ်နေရာမှာ ကူးတို့သင်္ဘောတစ်စီး သောင်တင်သွားခဲ့ပြီး ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၇၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

တောင်ကိုရီးယားက ကျောက်ဆောင်ထူထပ်တဲ့ ကမ်းခြေတစ်နေရာမှာ ကူးတို့သင်္ဘောတစ်စီး သောင်တင်သွားခဲ့ပြီး ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၇၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Queen Jenuvia 2 ရေယာဉ်ဟာ နိုင်ငံရဲ့ အရှေ့တောင်ဖက် ကမ်းရိုးတန်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့က သောင်တင်သွားခဲ့တာလို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ရေယာဉ်ဟာ သန္တာကျောက်တန်း တစ်ခုကို ဝင်တိုက်မိရာက ရှေ့ဆက် မောင်းလို့မရတော့ဘဲ သောင်တင်သွားခဲ့တာလို့ ဆိုပါတယ်။

ရေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည် ၂၄၆ ဦးစလုံးကို အမြန်ဆုံး ဘေးကင်းကင်း ရွှေ့ပြောင်းပေးခဲ့တယ်လို့လည်း ကမ်းခြေစောင့်တပ် ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမှုထမ်း ၂၁ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ကြေညာသွားပါတယ်။

Queen Jenuvia 2ဟာ လောလောလတ်လတ် တိမ်းမှောက်သွားမှာ၊ နစ်မြုပ်သွားမှာမျိုးတော့ မစိုးရိမ်ရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆင်နန် ခရိုင်ထဲက လူမနေတဲ့ ဂျော့ဒိုကျွန်းမှာ ကူးတို့ရေယာဉ် သောင်တင်မှု ဖြစ်ခဲ့တာပါ။ လူ ၅ ယောက်လောက် အနည်းအကျဉ်း ဒဏ်ရာ ရခဲ့ပေမယ့် ဆိုးဆိုးရွားရွား ထိခိုက်သွားသူတော့ မရှိဘူးလို့လည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာဆီ ရောက်ရှိသွားတဲ့ အချိန်မှာ အမှုထမ်း ၂၁ ဦးဟာ ခရီးသည်တွေကို ရွှေ့ပြောင်းပေးဖို့ ပူးပေါင်း ကူညီခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။ ခရီးသည်တွေ အားလုံး ဘေးကင်းပြီဆိုတာ သေချာတဲ့နောက် အမှုထမ်းတွေကိုပါ ရွှေ့ပြောင်းပေးခဲ့ပြီး ရေယာဉ်ပေါ် ပါလာသူ ၂၆၇ ဦးစလုံး အန္တရာယ် ကင်းရှင်းခဲ့ကြောင်း ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။ တချို့ ခရီးသည်တွေဟာ သင်္ဘော သောင်တင်မှုနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်နေမှုတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက် လွှင့်တင်ခဲ့ကြပါသေးတယ်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်းတုန်းက တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မ်မင်ဆွတ်ခ်က အနီးတဝိုက်မှာ ရှိသမျှ ရေယာဉ်တွေ အားလုံးကို ကယ်ဆယ်ရေးအတွက် သွားရောက်ပူးပေါင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ရေယာဉ် ကိုယ်ထည်ထဲ ရေဝင်တာမျိုး မရှိဘူးဆိုတာ အတည်ပြုနိုင်ကြောင်း၊ ကင်းလှည့် ရေယာဉ်တွေကို အသုံးပြုပြီး ခရီးသည်တွေကို ဘေးလွတ်ရာဆီ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ကမ်းခြေစောင့်တပ် အရာရှိ တစ်ဦးက ဆိုပါတယ်။

ကမ်းခြေစောင့်တပ်ဟာ ဒီရေတက်နေတဲ့အချိန် တစ်ခုခုမှာ ရေယာဉ်ကို နေရာရွှေ့ဖို့လည်း စီစဉ်ထားပါတယ်။ တန်ချိန် ၂၆၀၀၀ အလေးချိန်ရှိတဲ့ ကူးတို့သင်္ဘောဟာ ဂျယ်ဂျူကနေ ထွက်ခွာလာပြီး ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မော့ပိုကို ဦးတည် ခုတ်မောင်းရင်း သောင်တင်ခဲ့တာပါ။

တောင်ကိုရီးယားမှာတော့ ကူးတို့ရေယာဉ်တွေဟာ ကူးသန်းသွားလာရေး ကဏ္ဍမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ဆက်လက် ပါဝင်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက တောင်ကိုရီးယားရဲ့ ဆူဝိုလ် ကူးတို့ရေယာဉ် နစ်မြုပ်မှုကတော့ ကမ္ဘာကျော် ရေကြောင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး ကျောင်းသူကျောင်းသား ကလေးငယ် အများစု အပါအဝင် လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက ရေယာဉ်ပျက်ကို ၃ နှစ်လောက် ကြာပြီးမှသာ ဆယ်ယူနိုင်ခဲ့ပြီး မော့ပိုမြို့ ဆိပ်ကမ်းဆီ သယ်ယူ ပြောင်းရွှေ့ခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။