Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်စဲရေး ဆွေးနွေးမှုတွေ အပြုသဘော ဆန်ပေမယ့် အပြီးသတ်စရာတွေ ကျန်နေဆဲလို့ အမေရိကန်ပြော

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေက အပြုသဘောဆန်တဲ့ ရလဒ်တွေ ရှိနေပေမယ့် ဆက်လုပ်ရမယ့် အပိုင်းတွေ ကျန်နေတုန်းလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေက အပြုသဘောဆန်တဲ့ ရလဒ်တွေ ရှိနေပေမယ့် ဆက်လုပ်ရမယ့် အပိုင်းတွေ ကျန်နေတုန်းလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲမှာ ရူဘီရို ဦးဆောင်တဲ့ အမေရိကန် အစိုးရ အရာရှိတွေနဲ့ ယူကရိန်း အစိုးရ စေလွှတ်တဲ့ အထူးကိုယ်စားလှယ် အဖွဲ့တို့ကြား လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲကို ဘယ်လို ရပ်တန့်နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ရူစတမ် အူမာရော့ဗ်က ဦးဆောင်ခဲ့ပါတယ်။ အမေရိကန်ဖက်က တက်ရောက်သူ စာရင်းမှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့လည်း ပါဝင်ခဲ့ပါတယ်။ ဝစ်ကော့ဖ်ဟာ အခုသီတင်းပတ်မှာ မော်စကိုမြို့ဆီ သွားရောက်ပြီး ရုရှား အရာရှိတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

မူလက စစ်ရပ်စဲရေးကိစ္စ ယူကရိန်းဖက်က တင်ပြဆွေးနွေးမှုတွေမှာ ဇီလန်စကီးရဲ့ အားအထားရဆုံး ညှိနှိုင်းရေးမှူး အန်ဒရီ ယာမက်ခ်က ဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ နေအိမ်ကို အဂတိ တိုက်ဖျက်ရေး အာဏာပိုင်တွေက ဝင်ရောက် စီးနင်း စစ်ဆေးခဲ့တဲ့ ကိစ္စနောက်ပိုင်း ယာမက်ခ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့ပြီး အူမာရော့ဗ်က အစားထိုး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃၀ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ရဲ့ မြောက်ဖက် ဟယ်လန်ဒေးလ် ကမ်းခြေမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ရူဘီရိုက လက်ရှိ ဆွေးနွေးမှုတွေဟာ စစ်ပွဲကို ရပ်တန့်ပစ်ဖို့ တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ စစ်ပြီးကာလ ယူကရိန်းရဲ့ သာယာဝပြောရေး အစီအမံတွေလည်း ပါဝင်ကြောင်း၊ အခုဆွေးနွေးပွဲမှာတော့ အဲဒီအတွက် အပြုသဘောဆန်တဲ့ အခြေအနေတွေ မြင်ခဲ့ရတယ်လို့ ထင်ကြောင်း၊ ဒါပေမဲ့ အပြီးသတ် အဆင့်ထိ ရောက်ဖို့တော့ လုပ်စရာတွေ ကျန်နေသေးကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အမေရိကန် အနေနဲ့ ရုရှားနဲ့ ဆွေးနွေးတဲ့အခါ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ လွတ်လပ်မှုနဲ့ သာယာဝပြောမှု အာမခံချက်တွေကို အလေးထား ချဉ်းကပ်မယ်လို့လည်း ရူဘီရိုက ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ကို အာမခံခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာတော့ အူမာရော့ဗ်က အမေရိကန်ဟာ ယူကရိန်းရဲ့ အသံကို နားစွင့်ခဲ့ကြောင်း၊ ယူကရိန်းကို အားပေး ထောက်ခံနေကြောင်း၊ ယူကရိန်းနဲ့အတူ အလုပ်တွဲလုပ်နေကြောင်း ပြောကြားသွားပါတယ်။ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အောင်မြင်ခဲ့တယ်လို့ သူက မှတ်ချက်ပေးခဲ့သလို ရူဘီရိုကတော့ အရမ်း အပြုသဘောဆောင်ပြီး အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းက အမေရိကန်က ယူကရိန်းဆီ ပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက် ၂၈ ခုဟာ ရုရှားကို တစ်ဖက်သတ် အသာပေးထားသလို ဖြစ်နေတာကြောင့် အမေရိကန် မဟာမိတ် ဥရောပ နိုင်ငံတွေက အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။ နောက်တော့ ထရမ့် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်ဟာ အဲဒီ စေ့စပ်ဆွေးနွေးမှုတွေမှာ ရုရှားကို ကိုယ်တိုင်ကိုယ်ကျ ပါဝင် အကြံပေးထားကြောင်း အသံဖိုင်တစ်ခု ပေါက်ကြား ထွက်ပေါ်လာတဲ့နောက် အခြေအနေတွေက ပိုရှုပ်ထွေးကုန်ပါတယ်။

ထရမ့်ကိုယ်တိုင် လက်ခံထားတယ်ဆိုတဲ့ စစ်ရပ်စဲရေး အဆိုပြုချက်တွေဟာ ရုရှားရဲ့ လိုလားချက်တွေကိုချည်း ပြုစုထားတဲ့ စာရင်းနဲ့ တူနေကြောင်း ဝေဖန်သံတွေ ကျယ်လောင်လာတဲ့ နောက်မှာတော့ အမေရိကန်ဟာ ယူကရိန်းဖက်က ပြန်လည်ပြင်ဆင် တင်ပြထားတဲ့ အဆိုအသစ်ကိုလည်း ပြန်လည်ညှိနှိုင်းရေးအတွက် လက်ခံပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook