Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ ပါကစ္စတန်နဲ့ အာဖဂန်တပ်တွေ ပစ်ခတ်မှုဖြစ်

နယ်စပ်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန် တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

နယ်စပ်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန် တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်းက နှစ်ဖက် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ထိခိုက်သေကြေမှု သတင်းတော့ မကြားခဲ့ရပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်က နှစ်နိုင်ငံကြား နယ်စပ် စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး အပစ်အခတ် ရပ်စဲထားပေမယ့် အဲဒီ သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေပါတယ်။

အောက်တိုဘာလတုန်းက ကာတာ အစိုးရက အဓိက ဦးဆောင်ပြီး အပစ်ရပ် သဘောတူညီမှုအတွက် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းက နယ်စပ်တင်းမာမှုတွေကို လျှော့ချဖို့၊ အပစ်ရပ်ကာလကို သက်တမ်း ဆက်တိုးဖို့ အာဖဂန်နဲ့ ပါကစ္စတန်တို့ ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ ပျက်ပြယ်ခဲ့ပါတယ်။ ဒါပေမဲ့ အပစ်ရပ် သဘောတူညီမှုက ဆက်ပြီးတော့ တည်တံ့နေခဲ့ပါတယ်။

နှစ်လလောက် ပိတ်ထားတဲ့ ချာမန်နဲ့ တော့ခမ် နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပြီး ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေကို အာဖဂန် ပိုင်နက်ထဲ ပြန်လည် ပို့ဆောင်ခွင့် ပေးသွားမယ်လို့ ပါကစ္စတန်က ကြေညာပြီး နောက်တစ်နေ့မှာပဲ နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပါကစ္စတန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကတော့ ဒီဇင်ဘာ ၅ ရက်နေ့က ချာမန်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကို အာဖဂန်ဖက်က စတင်ခဲ့တယ်လို့ စွပ်စွဲပြီး ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုအပ်သလို တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

အာဖဂန်ရဲ့ တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဇာဘီဟူလာ မူဂျာဟစ်ကတော့ ပါကစ္စတန်ကသာ ပစ်ခတ်မှုကို စတင်ခဲ့တာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

ပါကစ္စတန် အစိုးရကို ဆန့်ကျင်နေတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲကို ကဘူးလ်မှာရှိတဲ့ အာဖဂန် တာလီဘန် အစိုးရက အကူအညီပေးနေကြောင်း ပါကစ္စတန်က စွပ်စွဲရာက နှစ်ဖက်ကြား ဆက်ဆံရေး အခြေအနေတွေ တင်းမာနေတာပါ။ အာဖဂန် တာလီဘန်တွေကတော့ တခြားနိုင်ငံ အစိုးရတွေကို တိုက်ခိုက်နေတဲ့ ဘယ်နိုင်ငံခြား လက်နက်ကိုင် အဖွဲ့အစည်းကိုမှ လက်ခံထားတာ၊ ကူညီတာတွေ မရှိကြောင်း ငြင်းဆိုထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။