Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေးအတွက် NATO အဖွဲ့ဝင် ဖြစ်ခွင့်ကို စွန့်လွှတ်ပေးဖို့ ယူကရိန်း ကမ်းလှမ်း

ရုရှားနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့အတွက် ယူကရိန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် အားထုတ်မှုတွေကို လက်လျှော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ရုရှားနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့အတွက် ယူကရိန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် အားထုတ်မှုတွေကို လက်လျှော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ်တွေနဲ့ ၅ နာရီကြာ ဆွေးနွေးခဲ့ချိန်မှာ ဇီလန်စကီးက အခုလို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့် ရရေးဆိုတာဟာ ဇီလန်စကီးနဲ့ ယူကရိန်းနိုင်ငံအတွက် အထူးအလေးထားခဲ့တဲ့ ရည်မှန်းချက် တစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စေလွှတ်ထားတဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အဲဒီ ဆွေးနွေးပွဲကနေ တိုးတက်မှု အများအပြား ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဆက်လက် ဆွေးနွေးဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီးဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ရပ်စဲနိုင်အောင် အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံပါ။ ယူကရိန်းနဲ့ ဆွေးနွေးမှုတွေမှာ ဝစ်ကော့ဖ်နဲ့အတူ ထရမ့်ရဲ့ သမက်ဖြစ်တဲ့ ဂျရတ်ဒ် ကူရှ်နာလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးရဲ့ အကြံပေး အရာရှိ ဒီမစ်ထရို လစ်တ်ဗင်းက သမ္မတဟာ ဒီဇင်ဘာ ၁၅ ရက်နေ့၊ ဆွေးနွေးမှု အစီအစဉ်အားလုံး ပြီးဆုံးပြီးတဲ့ နောက်ပိုင်းကျမှ မီဒီယာတွေဆီ သဘောထား မှတ်ချက်ပေးလိမ့်မယ်လို့ ပြောပါတယ်။

နီးစပ်သူတွေရဲ့ အဆိုအရ ဇီလန်စကီးဟာ NATO အဖွဲ့ထဲ ယူကရိန်း ဝင်ရောက်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး အပြန်အလှန် အနေနဲ့ ယူကရိန်းရဲ့ လုံခြုံရေးအတွက် အနောက်နိုင်ငံတွေဆီက အာမခံချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ NATO မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ကို အပူတပြင်း လိုလားခဲ့တဲ့ ယူကရိန်းဖက် ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲ တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ ပြီးတော့ စစ်ရပ်စဲရေးမှာ ရုရှားက တောင်းဆိုထားတဲ့ အဓိက အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးခံရေးဆိုတဲ့ ကိစ္စကိုတော့ ယူကရိန်းက လက်ရှိ အချိန်ထိ လက်မခံသေးပါဘူး။ ဝစ်ကော့ဖ်က အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ တခြားကဏ္ဍတွေအတွက် အဆိုပြုချက်ပေါင်း ၂၀ ကို အကျေအလည် ဆွေးနွေးခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံပေးဖို့ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်က ကမ်းလှမ်း တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာတော့ ဆွေးနွေးပွဲမှာ ပူးပေါင်းပါဝင်ဖို့ တခြား ဥရောပနိုင်ငံ ခေါင်းဆောင်တချို့လည်း ဂျာမနီကို ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။