Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေးကိစ္စနဲ့ အမျိုးသားရေး ဝါဒအတွက် ကိုးကွယ်ယုံကြည်မှုကို အသုံးချ လှုံ့ဆော်မှုတွေကို ပုပ်ရဟန်းမင်း ဝေဖန်

စစ်ရေး ပဋိပက္ခတွေ၊ အမျိုးသားရေး ဝါဒတွေအတွက် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကို အသုံးချ လှုံ့ဆော်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ရေး ပဋိပက္ခတွေ၊ အမျိုးသားရေး ဝါဒတွေအတွက် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကို အသုံးချ လှုံ့ဆော်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်သွားခဲ့ပါတယ်။

အဲဒီလို အလွဲသုံးစားပြုမှုတွေဟာ ဘာသာ သာသနာ ပြစ်မှားမှု ပုံစံတစ်ခုဖြစ်ပြီး ဘုရားသခင်ကို အရိုအသေမဲ့မှု၊ စော်ကားမှုမြောက်တဲ့ ပြင်းထန်တဲ့ ပြစ်မှုလည်း ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ် ပုဂ္ဂိုလ်ကြီးဟာ ဘယ်နိုင်ငံရေး ခေါင်းဆောင်ကိုမှတော့ တိုက်ရိုက် နာမည်တပ်ပြီး ဝေဖန်မသွားခဲ့ပါဘူး။

ဇန်နဝါရီ ၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား ပေးပို့ရာမှာတော့ ဘာသာရေး ကိုင်းရှိုင်းသူတိုင်းဟာ ကိုးကွယ်ယုံကြည်မှုအပေါ် အဲဒီလို တလွဲအသုံးချမှု မှန်သမျှကို ဆန့်ကျင် တွန်းလှန်ကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေး တိုက်ပွဲတွေ၊ အမျိုးသားရေးဝါဒကို ကောင်းချီးပေးမှုတွေထဲမှာ ကံအကြောင်းမလှစွာပဲ ကိုးကွယ်ယုံကြည်မှုက ဆွဲသွင်း ခံနေရကြောင်း၊ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် ဆင်ခြေပေးနေကြကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

ဒါကြောင့် ကိုးကွယ်ယုံကြည်သူ အသီးသီးဟာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ နာမတော်ကို မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ အသုံးချနေတဲ့ အဲဒီ လုပ်ရပ်မှန်သမျှကို တက်တက်ကြွကြွ ဆန့်ကျင်ကြရမယ်လို့လည်း ပုပ်လီယိုက အကြံပြုခဲ့ပါတယ်။

ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ အကြီးအမှူးဟာ ကိုးကွယ်ယုံကြည်သူ ၁.၄ ဘီလီယံဆီ လိပ်မူပြီး နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ ကြေညာချက်ထဲမှာတော့ စစ်ရေးကဏ္ဍမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမိုအသုံးပြုလာနေတာနဲ့ ပတ်သက်ပြီးလည်း သတိပေးထားခဲ့ပါတယ်။

ဒါဟာ လူ့အသက်တွေနဲ့ ပတ်သက်တဲ့ သေရေးရှင်ရေး ဆုံးဖြတ်ချက်တွေမှာ စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက စက်ကိရိယာတွေကို ပိုမို မှီခို အသုံးပြုလာနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။ ဒီအခြေအနေဟာ လူ့ယဉ်ကျေးမှု အသီးသီးကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးတဲ့ လူသားဆန်မှုကို ဥပဒေနဲ့ အတွေးအခေါ် ရှုထောင့်ကနေ အကြီးအကျယ် သစ္စာဖောက်ခြင်း ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဝေဖန်ခဲ့ပါတယ်။

ပုပ်လီယိုဟာ အမေရိကန် နိုင်ငံသား တစ်ဦးအနေနဲ့ ပထမဆုံး ပုပ်ရဟန်းမင်း ရာထူးကို မေလမှာ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ AIက လူတွေရဲ့ ရှင်သန်နေထိုင်မှု ဘဝမှာ ဘယ်လို စိန်ခေါ်မှုတွေ ဖြစ်လာစေနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အရင်ကလည်း မကြာခဏ သတိပေးခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

တူရကီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီး အသစ်ရဲ့ ပထမဆုံးသော တနင်္ဂနွေ ဝတ်ပြု မိန့်ခွန်းထဲမှာ ကမ္ဘာတလွှားက စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဗာတီကန်မှာရှိတဲ့ ဘုရားကျောင်းကြီးရဲ့ ခေါင်းတိုင်ကနေ မီးခိုးအဖြူရောင် လွှင့်ထုတ်ခဲ့တာကို တွေ့မြင်ရတဲ့နောက် ပုပ်ရဟန်းမင်း အသစ်ကို ရွေးချယ် တင်မြှောက်ပြီး ဖြစ်တယ်ဆိုတာ သိသာစေခဲ့ပါတယ်။