Connect with us

Hi, what are you looking for?

သတင်း

ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးကြဖို့ ခရစ္စမတ်နေ့ ကောင်းချီးပေးမှုမှာ ပုပ်ရဟန်းမင်း ထည့်သွင်းတောင်းဆို

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကြီး ရပ်တန့်စေရေးအတွက် နှစ်နိုင်ငံကြား ထိပ်တိုက် ဆွေးနွေးရဲတဲ့ သတ္တိမျိုး ရှိကြဖို့ ဒီဇင်ဘာ ၂၅ ရက်နေ့၊ စိန့်ပီတာရင်ပြင်မှာ ပြောကြားတဲ့ ဩဝါဒ မိန့်ခွန်းမှာ ပုပ်လီယိုက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ခရစ္စမတ်နေ့မှာ မိန့်ခွန်းပြောတဲ့ ဩဝါဒမှာတော့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဆုံးခန်းတိုင် ရပ်တန့်စေဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်လို့တော့ ပုပ်လီယိုက လက်နက်တွေနဲ့ စစ်ခင်းတိုက်ခိုက်နေတာတွေ အဆုံးသတ်နိုင်အောင်၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အားပေးကူညီမှုတွေနဲ့အတူ နှစ်ဖက်စလုံးက တိုက်ရိုက်ကျပြီး အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးမှုတွေ အထမြောက်လာအောင် သတ္တိမွေးပေးကြစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရက ဦးဆောင်ပြီး ရုရှား-ယူကရိန်း စစ်ပွဲရပ်ဆိုင်းနိုင်ရေးအတွက် အလေးအနက် ကြားဝင်စေ့စပ်ပေးနေချိန်မှာ ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းက ခရစ္စမတ် ဩဝါဒမှာ အခုလို အလေးအနက် တိုက်တွန်းစကား ဆိုခဲ့တာ ဖြစ်ပါတယ်။

ပုပ်လီယိုက ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲအပါအဝင် ကမ္ဘာတလွှားက တခြားသော စစ်ရေး ပဋိပက္ခတွေကိုလည်း အမြန်ဆုံး ရပ်ဆိုင်းစေလိုကြောင်း မိန့်ကြားခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းက အိမ်နီးချင်း နှစ်နိုင်ငံဟာ သမိုင်းကြောင်း ရှည်လျားခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေကို အမှတ်ရပြီး ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးအတွက် အတူလက်တွဲကြဖို့ ပုပ်က တိုက်တွန်းခဲ့ပါတယ်။

အစောပိုင်းက စိန့်ပီတာ ဝတ်ကျောင်းတော်မှာ သီးခြားပြုလုပ်ခဲ့တဲ့ ခရစ္စမတ် ဆုတောင်းမှုမှာတော့ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတလွှားမှာ စစ်ရေး ပဋိပက္ခတွေကြောင့် နာကျင် ခံစားနေရတဲ့ ပြည်သူတွေ၊ အိမ်ခြေရာမဲ့ လူတန်းစားရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပတ်သက်ပြီး အလေးအနက် ညွှန်ပြခဲ့ပါတယ်။

အကာအကွယ် ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်း အများအပြားဟာ စစ်ပွဲတွေမှာ ကြားညပ်ရင်း အပျက်အစီးပုံတွေ၊ နာကျင်စရာ ဒဏ်ရာဒဏ်ချက်တွေကြား ရှင်သန်နေထိုင်နေရကြောင်း ပုပ်ရဟန်းမင်းက ဆိုပါတယ်။ ပြီးတော့ ဂါဇာကမ်းမြှောင် ဒေသမှာ စစ်ဘေးရှောင်နေရင်း ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေ ဒဏ်ကိုပါ ခံစားခဲ့ရတဲ့ ပါလက်စတိုင်း ဒေသခံတွေအတွက် စာနာစကားလည်း ပုပ်က ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြားက ၂ နှစ်ကြာ စစ်ပွဲကြောင့် ညက်ညက်ကျေခဲ့တဲ့ ဂါဇာဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဆောင်းရာသီ မုန်တိုင်းတွေရဲ့ ဒဏ်ကိုပါ ခံစားခဲ့ရပါတယ်။ ဂါဇာဒေသခံ ၂.၁ သန်းထဲက အားလုံးနီးပါးလောက်ဟာ ရာသီဥတုဒဏ် မခံနိုင်တဲ့ အိမ်အပျက်အစီးတွေကြားမှာ နေထိုင်နေရတာ ဖြစ်တဲ့အတွက် အဲဒီ ရာသီဥတုဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ထောက်ပံ့ရေး အဖွဲ့အစည်းတွေကတော့ ဂါဇာဆီ ယာယီ ရွက်ဖျင်တဲတွေ ပိုမို တင်ပို့ခွင့်ရဖို့ အစ္စရေးကို အပူတပြင်း တောင်းဆိုနေကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။