Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေးအတွက် နိုင်ငံအရှေ့ပိုင်းမှာ စစ်မဲ့ဇုန် သတ်မှတ်ဖို့ ယူကရိန်း သမ္မတကမ်းလှမ်း

နိုင်ငံ အရှေ့ပိုင်းကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးပြီး စစ်မဲ့ဇုန် သတ်မှတ်ဖို့ဆိုတဲ့ အချက်ပါဝင်တဲ့ စစ်ရပ်စဲရေး အဆိုတစ်ရပ်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

နိုင်ငံ အရှေ့ပိုင်းကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးပြီး စစ်မဲ့ဇုန် သတ်မှတ်ဖို့ဆိုတဲ့ အချက်ပါဝင်တဲ့ စစ်ရပ်စဲရေး အဆိုတစ်ရပ်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖလော်ရီဒါ ပြည်နယ်မှာ အမေရိကန်နဲ့ ယူကရိန်း အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပြေငြိမ်းရေးအတွက် ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေတာ ဖြစ်ပါတယ်။

စစ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ယူကရိန်းတို့ကြား မူအားဖြင့် ကြိုတင် သဘောတူထားတဲ့ အချက် ၂၀ ကို ဖလော်ရီဒါက ဆွေးနွေးမှုတွေမှာ အသေးစိတ် ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။

စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်က အကြံပြုထားတဲ့အတိုင်း နိုင်ငံ အရှေ့ပိုင်းမှာ ရှိနေတဲ့ လက်ကျန် ယူကရိန်း ထိန်းချုပ် နယ်မြေတွေထဲက တပ်တွေကို ဆုတ်ခွာစေပြီး အဲဒီနေရာတွေကို စစ်မဲ့ဇုန် အနေနဲ့ ထားရှိ သတ်မှတ်ဖို့ ကိစ္စကို ဇီလန်စကီးက လက်ခံခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ယူကရိန်း အစိုးရဟာ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေက တပ်တွေ ရုပ်သိမ်းပေးဖို့ ဆိုတာကို ငြင်းဆန်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ယူကရိန်းနဲ့ ဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကို ရုရှားဆီ ပေးပို့မှာဖြစ်ပြီး ရုရှားဖက်က အကြောင်းပြန်မှုကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အခု အဆိုပြုချက်ဟာ စစ်ပွဲကို ရပ်ဆိုင်းနိုင်ရေးမှာ အဓိက အခြေခံမူ တစ်ခုလည်း ဖြစ်လာနိုင်ပြီး အမေရိကန်၊ NATO စစ်မဟာမိတ်အဖွဲ့နဲ့ ဥရောပ နိုင်ငံတွေက စစ်ပွဲနောက်ပိုင်း ရုရှားက နောက်တစ်ကြိမ် ယူကရိန်းကို မကျူးကျော်အောင် လုံခြုံရေး အာမခံချက်ပေးဖို့လည်း လမ်းဖွင့်ပေးနိုင်ခြေ ရှိတယ်လို့ သူက ပြောပါတယ်။

ရုရှားက သည်းသည်းမည်းမည်း တောင်းဆိုနေတဲ့ နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်စ် ဒေသရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ ဇီလန်စကီးက လွတ်လပ်တဲ့ အထူးစီးပွားရေးဇုန် တစ်ခုအနေနဲ့ ပြောင်းလဲသွားနိုင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ယူကရိန်းဟာ ဒွန်းဘက်စ်ကနေ ဆုတ်ခွာဖို့ကို ဆန့်ကျင်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ ညှိနှိုင်းရေး အရာရှိတွေက အဲဒီနေရာမှာ စစ်မဲ့ဇုန်၊ ဒါမှမဟုတ် အထူးစီးပွားရေးဇုန် တစ်ခုခုအဖြစ် ပြောင်းလဲ ဖန်တီးဖို့ အစီအစဉ် ရေးဆွဲနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းအတွက် ရွေးစရာက နှစ်ခုပဲ ရှိကြောင်း၊ စစ်ပွဲကို ဆက်ပြီးတိုက်နေမှာလား၊ ဒါမှမဟုတ် စီးပွားရေးဇုန် ဖန်တီးဖို့ဆိုတဲ့ ဖြစ်နိုင်ခြေ အလားအလာ အားလုံးကို ဆန်းစစ်မလား ဆိုတာတွေဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ရုရှားဟာ ယူကရိန်းအနေနဲ့ စစ်ပွဲကို ရပ်စဲချင်တယ်ဆိုရင် ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကနေ ဆုတ်ခွာပေးရမယ်လို့ တောင်းဆိုထားပါတယ်။ အဲဒီဒေသရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ရုရှားလက်အောက်ကို ရောက်နေပါတယ်။ အခုတော့ ဇီလန်စကီးဟာ လက်ကျန် ယူကရိန်းထိန်းချုပ် ဧရိယာတွေထဲက တပ်တွေကို ဆုတ်ခွာစေပြီး စစ်မဲ့ဇုန် သတ်မှတ်နိုင်ရေးအတွက် ကမ်းလှမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။