Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ရုရှားက ထောင် ၆ နှစ်ချ

လူသိများတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ရုရှား တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

လူသိများတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ရုရှား တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့မှာ အကြမ်းဖက်မှုကို အားပေးအားမြှောက် ကာကွယ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆာဂျီ ယူဒယ်လ်ဆော့ဗ်ဟာ ထောင်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ စစ်ပွဲကို ထောက်ခံအားပေးပေမယ့် သမ္မတ ဗလာဒီမာ ပူတင်ကို အပြင်းအထန် ဆန့်ကျင် ဝေဖန်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။

ပူတင်ဆန့်ကျင်ရေး အင်အားစု တစ်ခုဖြစ်တဲ့ လက်ဝဲတပ်ဦး လှုပ်ရှားမှုအဖွဲ့ကို ခေါင်းဆောင်နေပြီး ကွန်မြူနစ် ပါတီနဲ့လည်း နီးသပ်မှုရှိတဲ့ ယူဒယ်လ်ဆော့ဗ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အဖမ်းခံခဲ့ရပါတယ်။

သူဟာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စွပ်စွဲခံထားရတဲ့ တခြား ရုရှား ပြုပြင်ပြောင်းလဲရေးဝါဒီ အစုအဖွဲ့ တစ်ခုကို ထောက်ခံတဲ့ ပို့စ်တစ်ခု အွန်လိုင်းပေါ် တင်မိရာက အခုလို စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အဖွဲ့ကိုလည်း ရုရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး လဆန်းပိုင်းတုန်းက ထောင်ဒဏ် ၁၆ နှစ်ကနေ ၂၂ နှစ်ကြား ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူဒယ်လ်ဆော့ဗ်က သူ့အပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ ကိစ္စတွေလို့ ပြောပါတယ်။ သူက တရားရုံးရဲ့ ပြစ်ဒဏ် စီရင်ချက်ကိုလည်း အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။

စီရင်ချက်အရ ယူဒယ်လ်ဆော့ဗ်က ရုရှားရဲ့ ဝေးလံသီခေါင်ပြီး လုံခြုံရေး အတင်းကျပ်ဆုံး စီစဉ်ထားတဲ့ အကျဉ်းထောင် တစ်ခုမှာ ပြစ်ဒဏ် ကာလကို ဖြတ်သန်းရမယ်လို့လည်း သိရပါတယ်။

ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်ပွဲကို အစပြုခဲ့တဲ့နောက်ပိုင်း ပြည်တွင်းမှာ အတိုက်အခံတွေကို ဖိနှိပ်တာ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားဆီးတာတွေကို ပိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး အဖွဲ့တွေ၊ မီဒီယာတွေ၊ လူမှုရေး အသင်းတွေ၊ LGBTQအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တချို့ ဘာသာရေး အသင်းအဖွဲ့တွေဟာ အာဏာပိုင်တွေရဲ့ စက်ကွင်းထဲ ရောက်ရှိခဲ့ပါတယ်။

ယူဒယ်လ်ဆော့ဗ်ဟာ ၂၀၁၄ တုန်းကလည်း ပူတင်ကို ဆန္ဒပြရာက အဓိကရုဏ်းအသွင် ပြောင်းလဲသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။ နောက်တော့ သူဟာ ၂၀၁၇ မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။