Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် ယူကရိန်း သတ္တုမိုင်းလုပ်သား ၁၂ ဦး သေဆုံး

ဘတ်စ်ကား တစ်စီးကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သတ္တုမိုင်းလုပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းက ကြေညာခဲ့ပါတယ်။

ဘတ်စ်ကား တစ်စီးကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သတ္တုမိုင်းလုပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းက ကြေညာခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာ အလုပ်ချိန်ပြီးလို့ အိမ်ပြန်လာသူ မိုင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရုရှားရဲ့ ဖောက်ခွဲရေး ဒရုန်းက ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ ၁၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၁၅ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံ ကယ်ဆယ်ရေး ဌာနက ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ် မတိုင်ခင် မနက်အစောပိုင်းကလည်း နိုင်ငံအနှံ့မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ ဦးသေပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇာပေါ့ရစ်ဇီရာ ဒေသထဲက သားဖွား ဆေးရုံတစ်ခုကို ဒရုန်းထိမှန်လို့ မီးဖွားပြီးစ ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးကလည်း အဲဒီ ဒဏ်ရာရ စာရင်းထဲမှာ အကျုံးဝင်ခဲ့ပါတယ်။

ရုရှားဟာ ဒီနီပရိုနဲ့ ခါဆွန်မြို့တွေကိုလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ ရုရှားဟာ ရာသီဥတု အလွန်အကျွံ အေးခဲလာတဲ့ ဇန်နဝါရီလအတွင်း ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကိုလည်း ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။ လတ်တလောမှာ ယူကရိန်းရဲ့ တချို့ဒေသတွေဟာ အနုတ် ၂၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အေးခဲနေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းရဲ့ အအေးဆုံး ကာလတွေမှာ မြို့ကြီးတွေကို တစ်ပတ်ကြာ မတိုက်ခိုက်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သူ့ကို ကတိပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ အဲဒီ သတ်မှတ်ကာလဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးခဲ့ပြီလို့ ဆိုပါတယ်။

အမေရိကန်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အပူတပြင်း ကြားဝင်ညှိနှိုင်းပေးနေပြီး တိုးတက်မှုတွေ ရှိနေပေမယ့် နယ်မြေခွဲခြမ်းရေးလို ကိစ္စတွေမှာ မပြီးပြတ်နိုင်ဘဲ ကြန့်ကြနေဆဲပါ။

ပြီးခဲ့တဲ့ လတုန်းက ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှု တစ်ခုကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ စတင်နိုင်ခဲ့ပါတယ်။

ရုရှားဟာ လက်ရှိမှာ ယူကရိန်း အရှေ့ပိုင်းက နိုင်ငံပိုင်နက်ရဲ့ ငါးပုံတစ်ပုံစာလောက်နဲ့ ညီမျှတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။