Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ ဆန္ဒပြပွဲတွေ ပြန်စတင်လာ

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေကို အစိုးရက အင်အားသုံး ဖြိုခွင်းလို့ လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အလားတူ လှုပ်ရှားမှုတွေ ပြန်လည် ခေါင်းထောင်လာခြင်းလည်း ဖြစ်ပါတယ်။ အီရန် အစိုးရဟာ အမေရိကန်ဆီက စစ်ရေးအရ ဖိအားပေးမှုတွေကို ကြုံနေရပြီး အကျပ်ရိုက်နေတဲ့ ကာလတစ်ခုမှာ ပြည်တွင်းက ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုပါ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းက မြို့တော် တဟီရန်မှာရှိတဲ့ ရှရစ်ဖ် နည်းပညာ တက္ကသိုလ် ကျောင်းသားတွေက စုဝေးချီတက်ပြီး ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့နဲ့ အစိုးရ ထောက်ခံသူတွေကြား ရန်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။

တဟီရန်မှာရှိတဲ့ နောက်ထပ် တက္ကသိုလ် တစ်ခုမှာတော့ ကျောင်းသားတွေက ထိုင်သပိတ် ဆင်နွှဲခဲ့ပြီး နိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း ချီတက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေဟာ ဇန်နဝါရီလ ဆန္ဒပြပွဲတွေအတွင်း အသက်ပေးခဲ့ရသူတွေကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု တစ်ခုခု ရမလာရင် အီရန်အပေါ် အကန့်အသတ်နဲ့ စစ်ဆင်တိုက်ခိုက်နိုင်ကြောင်း ပြောကြားထားချိန်မှာပဲ ဆန္ဒပြပွဲတွေလည်း ပြန်စလာတာ ဖြစ်ပါတယ်။

တဟီရန်မှာတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိခဲ့သလို အစ္စလာမ်မစ် စည်းမျဉ်းတွေနဲ့ အုပ်ချုပ်တဲ့ အစိုးရကို ထောက်ခံတဲ့ အင်အားစုတွေကလည်း သူတို့နဲ့အတူ အပြိုင် ဆန္ဒပြခဲ့ကြပါတယ်။

ပြန်လည်စတင်လာတဲ့ ဆန္ဒပြပွဲတွေအတွင်း ကျောင်းသားတွေ ဖမ်းဆီးခံရသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေမှာတော့ အစိုးရရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပြည်သူ ၅၈၀၄ ဦး၊ ကလေးငယ် ၉၂ ဦး၊ လုံခြုံရေး အရာရှိတွေနဲ့ အစိုးရ ဘက်တော်သား ၂၁၄ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းအေဂျင်စီ (HRANA)က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။