Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီလန်မှာ လျှပ်စစ်ရထား လမ်းချော်ပြီး အဆောက်အအုံကို ဝင်တိုက်၊ ၂ ဦးသေ

အီတလီနိုင်ငံ၊ မီလန်မြို့ထဲမှာ လျှပ်စစ်ရထား လမ်းချော်မှုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီတလီနိုင်ငံ၊ မီလန်မြို့ထဲမှာ လျှပ်စစ်ရထား လမ်းချော်မှုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ အကြီးဆုံး မြို့တွေထဲက တစ်ခုဖြစ်တဲ့ မီလန်ရဲ့ လူစည်ကားရာ ဧရိယာမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အခုလို လျှပ်စစ်ရထား မတော်တဆ ဖြစ်ခဲ့တာပါ။ Tramလို့ခေါ်တဲ့ လျှပ်စစ်ရထားတွေဟာ ဥရောပ နိုင်ငံတချို့ရဲ့ မြို့တွင်း ဆက်သွယ်ရေး ကဏ္ဍမှာ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။

ခရီးသည် အတော်များများ လိုက်ပါလာတဲ့ ရထားဟာ မီလန်ရဲ့ ဗီယာလီ ဗစ်တိုရီယို ဗီနီတို ဧရိယာနားမှာ သံလမ်းကနေ ချော်ထွက်သွားပြီး အဆောက်အအုံ တစ်ခုကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်ကြောင့် ရထားစီး ခရီးသည် တစ်ဦးနဲ့ ရထားဝင်တိုက်တာ ခံခဲ့ရတဲ့ လမ်းသွားလမ်းလာ တစ်ဦး သေဆုံးခဲ့ပြီး လူ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ အများစုကတော့ ခရီးသည်တွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်တွေ့ကြုံခဲ့သူ ခရီးသည် တစ်ဦးက ရထားဟာ ရုတ်တရက် အပြင်းအထန် တုန်ခါသွားပြီး ဝရုန်းသုန်းကားတွေ ကြုံလိုက်ရတဲ့နောက် ငလျင်လှုပ်တာလို့ ထင်မိခဲ့ကြောင်း ပြောပါတယ်။

ရထားဟာ သံလမ်းကနေ ချော်ထွက်ပြီးတဲ့နောက် မီးပွိုင့်ဓာတ်တိုင် တစ်ခုကို ဝင်တိုက်ပြီး အဲဒီနောက် အဆောက်အအုံ တစ်ခုမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အရှိန်နဲ့ ဝင်လာတဲ့ ရထားနဲ့ တိုက်မိမယ့် အခြေအနေကနေ deliverသမား တစ်ဦးနဲ့ လူငယ်တစ်ဦးကတော့ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့ပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် အဲဒီနေရာကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပြီး ဒဏ်ရာရသူတွေကို ကူညီခဲ့သလို သေဆုံးသူတွေနဲ့ ဒဏ်ရာပိုပြင်းတဲ့သူတွေကို ဆေးရုံပို့ပေးခဲ့ပါတယ်။

ရထားဟာ ထောင့်ချိုးတစ်နေရာမှာ အရမ်းမြန်မြန်မောင်းရင်း ကွေ့ဖို့ ကြိုးစားရာက လမ်းချော်ထွက်သွားတာဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပေမယ့် အာဏာပိုင်တွေက ဖြစ်စဉ်ကို အတိအကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ပြောပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။ မီလန် မြို့တော်ဝန် ဂူစပီ ဆာလာနဲ့ တခြား အုပ်ချုပ်ရေး အရာရှိတွေလည်း အခင်းဖြစ်တဲ့ နေရာဆီ သွားရောက်ခဲ့ကြပါတယ်။

ဆာလာက ကြေကွဲစရာ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အရှိဆုံး စုံစမ်း စစ်ဆေးမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရထားလမ်းချော်မှုဟာ လူသားတွေရဲ့ ဆုံးဖြတ်ချက် အမှားကြောင့်လားဆိုတဲ့ မေးခွန်းကိုတော့ မြို့တော်ဝန်က တိုက်ရိုက် မဖြေဘဲ ရထားစက်ခေါင်း မောင်းနှင်သူဟာ အရမ်း အတွေ့အကြုံ ရင့်ကျက်သလို ညပိုင်း အချိန်ပို အလုပ်ဆင်းထားတာ မဟုတ်ကြောင်း၊ အခုအချိန်မှာတော့ ဖြစ်နိုင်ခြေ အားလုံးကို ဆန်းစစ်နေဆဲဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသားတွေက ဒေသခံ အရပ်သား ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး အပျော်တမ်း အမဲလိုက်တဲ့ သဘောမျိုး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို အီတလီမှာ အမှုဖွင့် စုံစမ်းနေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗုံးခြိမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ပြီး အီတလီကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတဲ့ အမေရိကန် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၉၉ ဦးစလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကနေ အိန္ဒိယရဲ့ နယူးဒေလီဆီ ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဗုံးခြိမ်းခြောက်မှု တစ်ခုကြောင့် အရေးပေါ် ဆင်းသက်ဖို့ အီတလီကို လမ်းကြောင်းပြောင်း ပျံသန်းနေတယ်လို့ သိရပါတယ်။

Facebook