Connect with us

Hi, what are you looking for?

နိုင်ငံတကာ

B-2 ဗုံးကြဲလေယာဉ်တွေရဲ့ လျှို့ဝှက် signalတွေကို ထောက်လှမ်းနိုင်ခဲ့ကြောင်း တရုတ်ကုမ္ပဏီပြော

အမေရိကန် လေတပ်ရဲ့ ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ် B-2တွေ အသုံးပြုခဲ့တဲ့ လျှို့ဝှက် ရေဒီယို အချက်ပြလှိုင်း (signal)တွေကို ထောက်လှမ်း ဖမ်းယူနိုင်ခဲ့ကြောင်း တရုတ် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပြောကြားခဲ့ပါတယ်။

အမေရိကန် လေတပ်ရဲ့ ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ် B-2တွေ အသုံးပြုခဲ့တဲ့ လျှို့ဝှက် ရေဒီယို အချက်ပြလှိုင်း (signal)တွေကို ထောက်လှမ်း ဖမ်းယူနိုင်ခဲ့ကြောင်း တရုတ် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပြောကြားခဲ့ပါတယ်။

Jinga Technologyဟာ တရုတ်စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)နဲ့ ကန်ထရိုက် စာချုပ်ပြီး ထောက်လှမ်းရေး အချက်အလက်တွေ ပံ့ပိုးပေးနေတဲ့ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ဟန်ဇူးမှာ အခြေစိုက်တဲ့ ကုမ္ပဏီက အီရန် စစ်ပွဲကာလ အစောပိုင်း နေ့ရက်တွေမှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့ B-2 ဗုံးကြဲလေယာဉ်ကြီးတွေရဲ့ လျှို့ဝှက် ဆက်သွယ်ရေး signalတွေကို ထောက်လှမ်း ဖမ်းယူမိခဲ့တာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။

Jinga Technologyရဲ့ အဆိုအရ မတ်လ ၁ ရက်နေ့တုန်းက B-2တွေဟာ အီရန်မှာ ဗုံးကြဲမစ်ရှင်တွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ ဒါဟာ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်တဲ့ စစ်ပွဲအပြီး နောက်တစ်ရက်မှာ ဖြစ်ပါတယ်။

B-2တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကနေ ခြေရာဖျောက် ရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ကြီးတွေဟာ နျူကလီးယား စစ်လက်နက်တွေ အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား တပ်ဆင်နိုင်သလို ရန်သူ့ ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ရှောင်ကွင်းပြီး လျှို့ဝှက်လှတဲ့ ဗုံးကြဲတိုက်ခိုက်မှု မစ်ရှင်တွေကို ကိုင်တွယ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း B-2တွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေး စနစ်တွေဟာ အထူးလျှို့ဝှက် သိုသိပ်အောင် တီထွင်ထားရပါတယ်။ ဒါပေမဲ့ Jinga Technologyကတော့ သူတို့ရဲ့ စောင့်ကြည့်ရေး စနစ်တွေက B-2တွေရဲ့ signalကို ဖမ်းယူရရှိခဲ့တာလို့ ပြောပါတယ်။

အမေရိကန် စစ်တပ်ဖက်ကတော့ တရုတ်ကုမ္ပဏီရဲ့ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ကုမ္ပဏီပိုင် Jingqi စစ်ပွဲစောင့်ကြည့်ရေး စနစ်ဟာ ဂြိုဟ်တု ထောက်လှမ်းရေး ပုံရိပ်တွေ၊ လေယာဉ်ပျံသန်းမှု လမ်းကြောင်း အချက်အလက်တွေ၊ အများပြည်သူ သိအောင် ထုတ်ပြန်ပေးထားတဲ့ စစ်ရေး အချက်အလက်တွေ၊ ကင်းထောက် လေယာဉ်တွေရဲ့ ပျံသန်းမှု ပုံမှန် လမ်းကြောင်းတွေနဲ့ လုပ်ရိုးလုပ်စဉ်တွေ၊ ဒေသအလိုက် စစ်စခန်းတွေမှာ အခြေစိုက်ထားတဲ့ စစ်လေယာဉ် အမျိုးအစားတွေကို သိုမှီးသိမ်းဆည်းပြီး ထောက်လှမ်းရေး အချက်အလက်တွေကို တွက်ချက်ပေးပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ သိသိသာသာ စတင်လာတဲ့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ Jinga Technologyက အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး အခြေအနေတွေအကြောင်း အများသိအောင် ထောက်ပံ့ဝေငှပေးတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် အရင်းအမြစ် တစ်ခုအဖြစ် ရပ်တည်လာခဲ့ပြီး အီရန်နိုင်ငံ ပတ်ပတ်လည်မှာ အမေရိကန် စစ်အင်အား တိုးမြှင့်မှုတွေအကြောင်း အတည်ပြု ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီလတုန်းကလည်း အဲဒီကုမ္ပဏီက အရှေ့အလယ်ပိုင်းမှာ အမေရိကန် တပ်တွေ အင်အားစုရုံးနေမှုဟာ ဆယ်စုနှစ် နှစ်ခုကျော် အတွင်း အကြီးမားဆုံး ဖြစ်ကြောင်းနဲ့ အီရတ်စစ်ပွဲအတွက် ပြင်ဆင်ချိန်တုန်းကထက်ကို အတိုင်းအတာ ပိုကြီးမားကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား တဝိုက်က အီရန် ဒုံးကျည်စခန်းတွေကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဘန်ကာဖျက်ဗုံးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်း ကုမ္ပဏီများပူးပေါင်း၍ကူညီပေးနေကြောင်း Justice For Myanmar က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ထုတ်လိုက်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။