Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုံခြုံရေး အရာရှိချုပ် လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ အီရန်စစ်တပ် အကြီးအကဲပြော

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံရဲ့ လုံခြုံရေးကောင်စီ အကြီးအကဲ သေဆုံးသွားတဲ့အတွက် ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမယ်လို့ အီရန် စစ်တပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံရဲ့ လုံခြုံရေးကောင်စီ အကြီးအကဲ သေဆုံးသွားတဲ့အတွက် ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမယ်လို့ အီရန် စစ်တပ် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

အစ္စရေး စစ်တပ် (IDF)က အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ် အလီ လာရီဂျာနီကို တိကျပြီး ထိရောက်တဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုထဲမှာ ရှင်းလင်းလုပ်ကြံနိုင်ခဲ့တယ်လို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အီရန်ဖက်ကလည်း လာရီဂျာနီ သေဆုံးတဲ့ ကိစ္စကို အတည်ပြုခဲ့ပါတယ်။

သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့ နေရာမှာ အမေရိကန်တွေနဲ့ သွေးဆာနေတဲ့ ဇီယွန်ဝါဒီ (အစ္စရေး) အစိုးရအတွက် နောင်တရသွားစေမယ့် တုံ့ပြန်မှုမျိုး ရှိလာစေမယ်လို့ အီရန်စစ်တပ် အကြီးအကဲ အမာ ဟာတာမီက ပြောကြားခဲ့ပါတယ်။ သူက လာရီဂျာနီနဲ့ တခြား အာဇာနည်တွေရဲ့ သေဆုံးမှုအတွက် ကျိန်းသေပေါက် အီရန်က သွေးကြွေးပြန်ဆပ်မယ်လို့လည်း ဆိုပါတယ်။

အီရန်ရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံးနဲ့ ဩဇာအကြီးဆုံး ထိပ်ပိုင်း အရာရှိတွေထဲက တစ်ဦးဖြစ်တဲ့ လာရီဂျာနီကို အီရန်စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံး ကာလမှာ အစ္စရေးက လုပ်ကြံလိုက်တာဟာ ပိုမို ရှုပ်ထွေးတဲ့ အခြေအနေတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ အရှေ့အလယ်ပိုင်းအရေး အကဲခတ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လာရီဂျာနီဟာ စစ်ခေါင်းဆောင် တစ်ဦးသက်သက် မဟုတ်ဘဲ အီရန်ရဲ့ မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ဗဟိုချက်က ပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေးကောင်စီကို ဦးဆောင်နေတဲ့ အတွင်းရေးမှူး ရာထူးကို ရယူထားတဲ့အတွက် လာရီဂျာနီဟာ နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ ဆုံးဖြတ်ချက်တွေကို အဓိက ကြီးမှူးရပါတယ်။

အီရန်ဟာ စစ်ပွဲ အဖွင့်နေ့မှာတင် နိုင်ငံရဲ့ အဓိပတိဖြစ်သူ အယာတိုလာ အလီခါမေနီနဲ့ ခေါင်းဆောင်အများအပြား လုပ်ကြံရှင်းလင်း ခံခဲ့ရတဲ့တိုင် အမေရိကန်နဲ့ အစ္စရေးအပေါ် လုံးဝ အလျှော့မပေးခဲ့ခြင်းက ခေါင်းဆောင်တွေ မရှိတော့ရင်တောင် အစားထိုးမယ့် နည်းလမ်းတွေကို ကြိုတင် စဉ်းစားထားပြီးသားလို့ ယူဆရပါတယ်။

အနောက်နိုင်ငံတွေအပေါ် သဘောထားတင်းမာတဲ့ စကားမျိုးတွေ ပြောဆိုလေ့ ရှိပေမယ့် အီရန် နိုင်ငံရေး အတွင်းစည်းထဲမှာတော့ လာရီဂျာနီဟာ လက်တွေ့သမား တစ်ဦးအဖြစ် ရှုမြင် ခံရပါတယ်။ သူဟာ ဘာသာရေး အခြေပြု နိုင်ငံရေး ဝါဒတွေအပေါ် သစ္စာစောင့်သိရင်း တစ်ဖက်ကလည်း ခေတ်မီဆန်းသစ်တဲ့ ရွေးချယ်မှုတွေ၊ မဟာဗျူဟာတွေကို လက်ခံတတ်သူ တစ်ဦးအဖြစ်လည်း သတ်မှတ် ခံရပါတယ်။

သူဟာ အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီး သံသယ ကြီးမားမှုကို အထင်အရှား ပြသထားပေမယ့်လည်း အီရန်ရဲ့ အရေးကြီးတဲ့ သံတမန်ရေး အခင်းအကျင်းတွေမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။