Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား၊ တရုတ် အကူအညီတွေကြောင့် မြောက်ကိုရီးယား စီးပွားရေး ဦးမော့လာနေ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - Getty

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားရဲ့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဧပြီ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ တရုတ်၊ ရုရှားတို့နဲ့ ကုန်သွယ်ရေးကို မြှင့်တင်ရင်း စီးပွားရေး ပြန်လည် ဦးမော့မှုကို တဖြည်းဖြည်းချင်း ပြန်လည် တည်ဆောက်ယူလာနိုင်ခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဆိုရှယ်လစ်ဝါဒ ကျင့်သုံးမှုနဲ့ စစ်ရေးအသုံးစရိတ် အလွန်အကျွံ များပြားမှုတွေက မြောက်ကိုရီးယား စီးပွားရေး တိုးတက်မှုကို နှစ်ပေါင်းများစွာ အဟန့်အတား ဖြစ်စေခဲ့ပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကလည်း အဲဒီ အခြေအနေကို ပိုဆိုးရွားစေခဲ့ပါတယ်။

နိုင်ငံတကာနဲ့ သံတမန်ရေး အဆက်အသွယ် အတော်များများ ဖြတ်တောက်ပြီး အထီးကျန် ရပ်တည်နေတဲ့ နိုင်ငံအတွက် တရုတ်ဟာ နှစ်ပေါင်း အတော်ကြာအောင် စီးပွားရေးအရ အဓိက ကျားကန်ပေးတဲ့ တစ်ခုတည်းသော မိတ်ဖက်အနေနဲ့ ရပ်တည်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်း မြောက်ကိုရီးယားက ရုရှားကို အကူအညီတွေ ပေးခဲ့ရာက နှစ်နိုင်ငံကြား စစ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုတွေလည်း တိုးတက်လာပါတယ်။

အကျိုးဆက် အနေနဲ့ မြောက်ကိုရီးယားဟာ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ ကာလတစ်ခုကနေ လွန်မြောက်ပြီး တဖြည်းဖြည်း ပြန်လည် နာလန်ထူ တိုးတက်တဲ့ အဆင့်ဆီ ဝင်ရောက်နေပြီလို့ တောင်ကိုရီးယား ဝန်ကြပီးဌာနရဲ့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

နိုင်ငံတကာ ပိတ်ဆို့မှုတွေ ခံနေရတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ချင်းပစ် ဒုံးကျည် စီမံကိန်းတွေကို ဆက်လက် အကောင်အထည် ဖော်နေရင်းနဲ့ မြောက်ကိုရီးယားဟာ အခုလို စီးပွားရေးအရ အခြေအနေကောင်းတွေ ပြန်လည် တွေ့မြင်လာရတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရက နျူကလီးယား လက်နက်တိုက်ကို ဘယ်တော့မှ စွန့်လွှတ်တော့မှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။

မြောက်ကိုရီးယား အနေနဲ့ တရုတ်ရော၊ ရုရှားနဲ့ပါ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ခဲ့ခြင်းက အဲဒီ အခြေအနေကောင်းတွေ ပိုင်ဆိုင်လာစေတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်လာပါတယ်။ တရုတ်လေကြောင်းလိုင်း Air Chinaဟာ ၆ နှစ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ပျံသန်းပြေးဆွဲမှု ခရီးစဉ်ကို ပြန်စမယ်လို့ မတ်လမှာ ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရထားပြေးဆွဲမှုတွေလည်း အခုအခါ ပြန်လည် စတင်နေပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုံယမ်းမြို့တော်ဆီ သွားရောက်တဲ့ အလည်အပတ် ခရီးစဉ်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကလည်း တရုတ် အစိုးရဟာ မြောက်ကိုရီးယားနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်သွားနိုင်ရေးကို မျှော်လင့်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ မြောက်ကိုရီးယားဟာ ရုရှားအတွက် ခဲယမ်းမီးကျောက်နဲ့ စစ်ကူတွေ ဖြည့်တင်းပေးပို့ပေးရင်း အပြန်အလှန် အနေနဲ့ စီးပွားရေး၊ နည်းပညာ အထောက်အပံ့တွေ ရရှိနေကြောင်း လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။