Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး စက်ရုပ် ဘုန်းတော်ကြီးကို မိတ်ဆက်

တောင်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကို ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

ဓာတ်ပုံ - Yonhap

တောင်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကို ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

မေလ ၆ ရက်နေ့တုန်းက မဟာယန ဗုဒ္ဓဘာသာ ပွဲတော် တစ်ခုမှာ အမြင့် ၁၃၀ စင်တီမီတာရှိတဲ့ လူတူစက်ရုပ်ဟာ လူသား ဘုန်းတော်ကြီးတွေနဲ့အတူ လက်အုပ်ချီရင်း ဗုဒ္ဓ တရားတော်တွေကို ရွတ်ပွားနေတာ တွေ့ခဲ့ရပါတယ်။

အမြင့် ၁၃၀ စင်တီမီတာရှိတဲ့ စက်ရုပ်ကို ဂါဘီလို့ နာမည်ပေးထားပါတယ်။ အဲဒီ စက်ရုပ်ဟာ တရုတ်ကုမ္ပဏီ Unitree Roboticsက ထုတ်လုပ်တဲ့ G1 မော်ဒယ် လူတူစက်ရုပ် တစ်ခုကို အခြေခံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဂါဘီဟာ ဗုဒ္ဓ တရားတော်တွေကို ရွတ်ဖတ်တာ၊ ဝတ်ပြုသူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်ဆောင်နိုင်ပါတယ်။ စက်ရုပ် ဘုန်းတော်ကြီးကို မိတ်ဆက်ခြင်းဟာ နည်းပညာနဲ့ ပိုမိုအကျွမ်းတဝင်ရှိတဲ့ လူငယ်မျိုးဆက်တွေကို ဘာသာရေးနဲ့ ပိုမို ထိတွေ့လာအောင် ဆွဲဆောင်နိုင်ဖို့လည်း ရည်ရွယ်ထားတဲ့ သဘောပါ။

ဗုဒ္ဓကို ပူဇော်ပြီး ဗုဒ္ဓတရားတော်တွေကို ရွတ်ဖတ်တဲ့ အဲဒီ ဘာသာရေး အခမ်းအနားမှာ စက်ရုပ် ဘုန်းတော်ကြီးတစ်ပါး ပါဝင်လာခြင်းက တောင်ကိုရီးယားမှာတော့ ပထမဆုံး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးလ်မြို့တော်နားက ဂျောင်ဂို-ဂူ ဘုရားကျောင်းဇုန်ထဲမှာ ပါဝင်တဲ့ ဂျိုဂျီဆာ ဘုရားကျောင်းထဲက အခမ်းအနားကို ဂါဘီက မဟာယန ဘုန်းတော်ကြီးတွေရဲ့ သင်္ကန်းကို ဝတ်ရုံပြီး ရောက်လာခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေက ဂါဘီကို သာသနာ့ ဝန်ထမ်းအဖြစ် ခံယူမလားဆိုတဲ့ မေးလျှောက်မှုကို ဂါဘီကလည်း ခံယူပါ့မယ်လို့ ဝန်ခံခဲ့တဲ့နောက် စက်ရုပ်ရဲ့ လည်ပင်းမှာ ၁၀၈ လုံး ပုတီးကို ချိတ်ဆွဲပေးခဲ့ပါတယ်။

ဘုန်းတော်ကြီးတွေက စက်ရုပ်အတွက် သီးခြား သတ်မှတ်ပေးထားတဲ့ ငါးပါးသီလကို သတ်မှတ်ပေးပြီး ဂါဘီကလည်း ကြားနာ ခံယူနေတာကို တွေ့ရပါတယ်။ ဂါဘီအတွက် သတ်မှတ်ထားတဲ့ ငါးပါးသီလကတော့ သတ္တဝါတွေရဲ့ အသက်တွေကို ကူညီကာကွယ်ပေးဖို့၊ တခြားစက်ရုပ်တွေနဲ့ ပစ္စည်းတွေကို မဖျက်ဆီးဖို့၊ လူသားတွေကို လေးစားပြီး စကားနားထောင်ဖို့၊ ဆိုးယုတ်တဲ့ အကျင့်တွေကနေ ရှောင်ကြဉ်ဖို့၊ အလွန်အကျွံ ဓာတ်အားသွင်းတာမျိုး မလုပ်ဘဲ စွမ်းအင်ချွေတာဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

Unitree Roboticsဟာ စက်ရုပ်နည်းပညာပိုင်းကို အပြိုင်အဆိုင် ကြိုးစား မြှင့်တင်နေတဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စက်ရုပ်တွေကို လုပ်ငန်းနယ်ပယ်စုံမှာ ချဲ့ထွင် အသုံးပြုနေကြပြီး မေလ ၁ ရက်နေ့တုန်းကတော့ တရုတ်နိုင်ငံတောင်ပိုင်း ဟန်ကျိုးမြို့မှာ လူတူစက်ရုပ် ၁၅ ရုပ်ကို နိုင်ငံရဲ့ ပထမဆုံး ယာဉ်ထိန်းရဲ စက်ရုပ်တွေအဖြစ် စတင်အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Korea Herald

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်ဟာ ကိုရီးယား နှစ်နိုင်ငံဆီ ဆက်တိုက် သံတမန် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။