Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနေသတ္တဝါ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် နယူးဇီလန်က ရေလွှာလျှောစီးပြိုင်ပွဲကို ဆိုင်းငံ့ခဲ့ရ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

ဓာတ်ပုံ - World Surf League

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

မေလ ၂၅ ရက်နေ့တုန်းက ကမ္ဘာ့ ရေလွှာလျှောစီး အဖွဲ့ချုပ်ရဲ့ နယူးဇီလန် ပရိုလိဂ် ပြိုင်ပွဲမှာ သတင်းမှတ်တမ်း ယူနေတဲ့ ဓာတ်ပုံဆရာကို ရေထဲက အမျိုးအမည်မသိ သတ္တဝါ တစ်ကောင်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးသားတွေဖြစ်တဲ့ ယာဂို ဒိုရာနဲ့ အီတာလို ဖာရာရီတို့ နှစ်ဦးဟာ မြောက်ကျွန်းဧရိယာက ရက်ဂ်လန် ကမ်းခြေမှာ အကြိုဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်နေတုန်း ပြိုင်ပွဲ တာဝန်ရှိသူတွေက အနီရောင်ကုတ်ဒ်အဆင့် ကြေညာပြီး ယာယီ ရပ်နားစေခဲ့ပြီး ဆေးအဖွဲ့တွေကို တပ်လှန့်ခဲ့ပါတယ်။

အကြောင်းကတော့ ဩစတြေးလျ နိုင်ငံသား ဓာတ်ပုံဆရာ အက်ဒ် ဆလိုအာနေးဟာ ရေထဲမှာ ရှိနေပြီး ပြိုင်ပွဲကို မှတ်တမ်း သတင်းယူနေချိန်မှာ ရေနေသက်ရှိ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်တာ ခံလိုက်ရလို့ ဖြစ်တယ်လို့ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ရီနာတို ဟစ်ကယ်လ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆလိုအာနေးရဲ့ ခြေထောက်မှာ တစ်ခုခု အကိုက်ခံရသလို အသေးစား ပေါက်ထွက်ဒဏ်ရာတွေ ရှာတွေ့ခဲ့တဲ့နောက် သူ့ကို ဆေးရုံ ပို့ဆောင်ခဲ့ရပါတယ်။ ရေနေသက်ရှိ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပြိုင်ပွဲမှာ အနီရောင်ကုတ်ဒ် ကြေညာခဲ့တာဖြစ်ကြောင်း၊ ကံကောင်းထောက်မစွာနဲ့ ဓာတ်ပုံဆရာက ဘာမှ ဆိုးဆိုးရွားရွား ဖြစ်မသွားခဲ့တာကို ကျေးဇူးတင်မိကြောင်း ဟစ်ကယ်လ်က ဆိုပါတယ်။

ဓာတ်ပုံဆရာကို တိုက်ခိုက်ခဲ့သူဟာ ငါးမန်း၊ ဒါမှမဟုတ် ပင်လယ်ဖျံ တစ်ကောင်ကောင် ဖြစ်နိုင်ကြောင်း၊ ကနဦး ကူညီကုသပေးခဲ့တဲ့ ဆရာဝန်ကတော့ ငါးမန်းထက် ဖျံတစ်ကောင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ ပြောပေမယ့် ဒီကိစ္စက တကယ့်ကို ရင်ထိတ်စရာ ဖြစ်ခဲ့ကြောင်း၊ ပြိုင်ပွဲဝင်တွေလည်း အတော်လေး တုန်လှုပ်သွားခဲ့ကြောင်း၊ ဒါကြောင့်လည်း ပြိုင်ပွဲကို မဖြစ်မနေ ဆိုင်းငံ့ထားခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။

ဆလိုအာနေးကတော့ ဆေးအဖွဲ့ရော၊ ပြိုင်ပွဲ တာဝန်ရှိသူတွေကိုပါ ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူ့အခြေအနေ အဆင်ပြေကြောင်း၊ ဘယ်ဖက် ခြေထောက်မှာတော့ ဒဏ်ရာရသွားလို့ ကုသမှု ခံယူနေရကြောင်း ဓာတ်ပုံဆရာက ဆိုပါတယ်။

နာရီတချို့ကြာအောင် ဆိုင်းငံ့ထားပြီး ရေပြင် တဝိုက်မှာ အန္တရာယ်ရှိတဲ့ ရေနေ သတ္တဝါ တစ်ကောင်ကောင် ဆက်လက် ခိုအောင်းမနေဘူးဆိုတာ သေချာအောင် လိုက်လံ စစ်ဆေးပြီးတဲ့နောက် ပြိုင်ပွဲကို ဆက်လက် ကျင်းပစေခဲ့ပါတယ်။ ပြီးတော့ ပြိုင်ပွဲဇုန် ရေပြင်မှာ ရေပေါ်လျှပ်ပြေး ဆိုင်ကယ်တွေ ပိုမိုဖြန့်ကျက် ထားရှိခဲ့သလို ရေအောက် ဒရုန်းတွေပါ တိုးမြှင့်စောင့်ကြည့်စေခဲ့ပါတယ်။

ဆလိုအာနေးကို ဘာကောင်က ကိုက်သွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

နယူးဇီလန်မှာ မြေပြိုမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူ ၆ ဦးအတွက် ကယ်ဆယ်ရေး မစ်ရှင်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကြား ပင်လယ်ပြင်မှာ တရုတ်ရေတပ်ရဲ့ စစ်ရေး လေ့ကျင်နေမှုကို နှစ်နိုင်ငံစလုံးက နိုးနိုးကြားကြား စောင့်ကြည့်နေကြပါတယ်။