Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ တွေ့ဆုံဖို့ မရှိသေးဘူးလို့ ပူတင်ပြော၊ ပျော့ညံ့တဲ့ ရွေးချယ်မှုလို့ ယူကရိန်းဝေဖန်

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - AP

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဇီလန်စကီးက ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ပူတင်နဲ့ လူချင်းတွေ့ဆုံ စကားပြောလိုကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေး ဖိုရမ်တစ်ခုမှာတော့ ပူတင်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားကို အသိပေးခဲ့ရာမှာ လောလောဆယ် ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ လုံလောက်တဲ့ အကြောင်းရင်း မရှိသေးဘူးလို့ တုံ့ပြန်သွားပါတယ်။

စစ်ပြေငြိမ်းရေးကိစ္စ သဘောတူညီမှု ရနိုင်တဲ့ အလားအလာ တစ်ခုခု အကောင်အထည် ပေါ်မလာမချင်း လူချင်းတွေ့ဖို့ အသင့်မဖြစ်သေးဘူးလို့ သူယူဆကြောင်း ပူတင်က ဆိုပါတယ်။ သူက ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေဟာ ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်တွေ မပြည့်မချင်း ဆက်လက် တည်ရှိနေမယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်နေ့နေ့မှာတော့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားမယ်လို့ မျှော်လင့်ကြောင်း၊ ရုရှားက ကိုယ်တိုင် ဆုံးဖြတ် ချမှတ်ထားတဲ့ စစ်ရေး ရည်မှန်းချက်တွေ ပြည့်မြောက်ပြီ ဆိုတာနဲ့ စစ်ပွဲတွေလည်း ရပ်သွားမှာဖြစ်ကြောင်း ပူတင်က ပြောဆိုသွားပါတယ်။

ပူတင်ဆီက အခုတုံ့ပြန်မှုမျိုး ထွက်ပေါ်လာတဲ့နောက် ဇီလန်စကီးက ရုရှားရဲ့ ရပ်တည်ချက်ဟာ ပျော့ညံ့ပြီး စစ်ပွဲကိုပဲ ထပ်မံ ရွေးချယ်လိုက်ပြန်တာဖြစ်ကြောင်း ဝေဖန်သွားပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ ညှိရမယ့် အပိုင်းတွေအတွက် တကယ်ဆိုရင် သူနဲ့ ပူတင်တို့ တွေ့ဆုံဖို့က အတော်လေး အရေးတကြီး လိုအပ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ကံအကြောင်း မလှစွာနဲ့ပဲ ရုရှားဖက်ကတော့ စစ်ပွဲကိုပဲ နောက်တစ်ကြိမ် ထပ်ရွေးသွားပြန်ကြောင်း၊ ရုရှားဖက်က တုံ့ပြန်မှုကို အားလုံးလည်း ကြားကြ မြင်ကြမှာဖြစ်ကြောင်း၊ ဒါဟာ အားနည်းပျော့ညံ့တဲ့ တုံ့ပြန်မှု တစ်ခုဖြစ်ပြီး ပူတင်ဟာ စစ်ပွဲကို တကယ်တမ်း ရပ်လိုက်ဖို့ ဆန္ဒမရှိကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

အစောပိုင်းမှာ ဇီလန်စကီးက ပူတင်နဲ့ လူချင်းတွေ့လိုကြောင်း ကမ်းလှမ်းမှုကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့လို မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေက ထောက်ခံခဲ့ကြပါတယ်။ ထရမ့်က ဇီလန်စကီးနဲ့ ပူတင်တို့ လူချင်းတွေ့ပြီး စကားပြောတာမျိုး အမှန်တကယ် ဖြစ်မြောက်စေချင်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

ဇီလန်စကီးဟာ စစ်ပွဲရပ်စဲနိုင်ရေး နည်းလမ်းတွေကို ရှာဖွေဖို့အတွက် အခုသီတင်းပတ်ကုန်မှာ မာခရွန်၊ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်အပေါ် အယုံအကြည် မရှိပေမယ့် အမေရိကန် နိုင်ငံကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ယူကရိန်းပြည်သူ အများစုက ဆက်လက် ယုံကြည်ထားဆဲလို့ စစ်တမ်းတစ်ခုက ညွှန်ပြခဲ့ပါတယ်။

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ ရှိနေတဲ့ အဓိက ရေနံတင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။