Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပွဲကြည့်စင်ပေါ် ထိုင်ခုံတွေ လွတ်နေတာ ပရိသတ်တွေ နေရာမှာ မထိုင်တာကြောင့်လို့ ဖီဖာ တုံ့ပြန်

ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပွဲကြည့်စင် ခုံနေရာတွေ လွတ်နေတာဟာ ပရိသတ်တွေက သတ်မှတ်နေရာမှာ မထိုင်ကြလို့ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ဖြေရှင်းခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပွဲကြည့်စင် ခုံနေရာတွေ လွတ်နေတာဟာ ပရိသတ်တွေက သတ်မှတ်နေရာမှာ မထိုင်ကြလို့ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ဖြေရှင်းခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့တုန်းက မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာမြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ချက်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပွဲကြည့်စင်ပေါ်က ခုံနေရာတွေ လူမပြည့်ဘဲ ဖြစ်နေတာကို အတော်ကြီး ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။

အထူးတန်း ပွဲကြည့်စင်ကြီးမှာရော၊ တခြားပွဲကြည့်စင်တွေမှာပါ လူလွတ်နေတဲ့ ထိုင်ခုံတွေ အများကြီးကို ကွက်ကျားကွက်ကျား တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေက ဖီဖာဟာ လက်မှတ်ရောင်းချမှုတွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်စွမ်း မရှိဘူးလားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေကို ထွက်ပေါ်လာစေပါတယ်။

ဒါပေမဲ့ ဖီဖာကတော့ ခုံတွေ လွတ်နေတာဟာ လက်မှတ်ရောင်းအားနဲ့ မသက်ဆိုင်ဘဲ ပရိသတ်တွေက သတ်မှတ်ခုံနေရာကနေ ပွဲမကြည့်ဘဲ အစုလိုက် မတ်တပ်ရပ်ပြီး အားပေးခဲ့တာကြောင့်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂွာဒါလာဂျာရာ အားကစားရုံရဲ့ ပရိသတ် ဝင်ဆံ့မှု အရေအတွက်က ၄၅၆၆၄ ဦးဖြစ်ပြီး အဲဒီနေ့က ပွဲလာကြည့်သူ ၄၄၉၈၅ ဦးထိ ရှိခဲ့ကြောင်း၊ ကွင်းထဲမှာ မြင်ခဲ့ရတဲ့ ထိုင်ခုံလွတ်တွေ ကိစ္စဟာ တကယ်တမ်း ပွဲကြည့်သူ ဦးရေနဲ့ တိုက်ရိုက် ဆက်နွှယ် ပတ်သက်မှု မရှိကြောင်း ဖီဖာက ထုတ်ပြန်ပါတယ်။

အဲဒီပွဲမှာ ပရိသတ်တချို့ဟာ သတ်မှတ်နေရာတွေမှာ မထိုင်ဘဲ ပွဲစဉ်တလျှောက်လုံး လူစုလူဝေးနဲ့ မတ်တပ်ရပ်နေခဲ့ကြတာကို ထည့်စဉ်းစားဖို့ လိုတယ်လို့လည်း ဖီဖာက ဆိုပါတယ်။

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကနေဒါနဲ့ ဘော့စ်နီးယား ပွဲစဉ်မှာလည်း ခုံအလွတ်တွေကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဖီဖာရဲ့ စာရင်းအရ အဲဒီပွဲမှာလည်း ပရိသတ်က ရုံအပြည့်နီးပါး လာရောက် ကြည့်ရှု အားပေးခဲ့တယ်လို့ သိရပါတယ်။ BMO Field အားကစားရုံရဲ့ ပရိသတ် ဝင်ဆံ့အရေအတွက်က ၄၃၀၃၆ ဦးဖြစ်ပြီး ပွဲကြည့်သူ ၄၃၀၀၂ ဦး ရှိခဲ့တယ်လို့ ဖီဖာက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ထိုင်ခုံနေရာ အလွတ်တွေ များနေတာဟာ လက်မှတ်စျေးတွေ မတန်တဆ ကြီးနေလို့ဆိုတဲ့ ဝေဖန်စွပ်စွဲမှုတွေ ရှိနေတဲ့အပေါ် ဖီဖာက အခုလို တုံ့ပြန်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် တရားဝင် သတ်မှတ်ထားတဲ့ လက်မှတ် စျေးနှုန်းတွေမှာ အနိမ့်ဆုံးက ဒေါ်လာ ၁၄၀ ဖြစ်ပြီး ဗိုလ်လုပွဲအတွက် ရိုးရိုးတန်းခုံ လက်မှတ်က ဒေါ်လာ ၈၆၈၀ ထိ မြင့်တက်သွားပါတယ်။ အထူးတန်း ပွဲကြည့်စင် လက်မှတ်ဖိုးက ဒေါ်လာ ၃၃၀၀၀ ဝန်းကျင်ထိ ရှိပါတယ်။

လက်မှတ် ပြန်လည်ရောင်းချမှုတွေကို ဖီဖာက ထိန်းချုပ်ခြင်း မရှိတာကြောင့်လည်း စျေးတွေက ပိုပြီး တက်ကုန်ပါတယ်။ ဥပမာ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုဖို့ နေရာကောင်း တစ်ခုကို အွန်လိုင်းပေါ်မှာ ပြန်ရောင်းနေတဲ့ ခေါ်စျေးက ဒေါ်လာ ၂.၃ သန်းနီးပါးလောက် ရှိပါတယ်။

လက်မှတ်စျေးတွေ အရမ်းများတဲ့အကြောင်း ဝေဖန်သံတွေ ကျယ်လောင်လာတဲ့နောက် ဖီဖာဟာ လက်မှတ်တချို့ကို ဒေါ်လာ ၆၀ စီ စျေးသတ်မှတ်ပြီး နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်တွေဆီ ခွဲဝေရောင်းချပေးခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ပွဲစဉ် ၁၀၄ ပွဲအတွက် လက်မှတ်ပေါင်း ၆ သန်းနဲ့ ၇ သန်းကြား ရောင်းချရမယ့်ထဲက အဲဒီလို စျေးလျှော့ပေးတဲ့ အရေအတွက်ကတော့ ၁၃၀၀၀၀ သာရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နည်းဗျူဟာနဲ့ ဗျူဟာတွေက အရေးကြီးပေမယ့် စိတ်ဓာတ်၊ ယုံကြည်ချက် နဲ့ တိုက်ပွဲဝင်စိတ်ဓါတ်သာ မရှိခဲ့ရင်ထွက်ခဲ့ရပြီဟုအာဂျင်တီးနားနည်းပြ​ပြော

နိုင်ငံတကာ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ပင်နယ်တီမဝင်ခဲ့​​ပေမယ့်တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပြီးစံချိန်သစ်​တွေထက်တင်တဲ့မက်ဆီ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အမေရိကန် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုခဲ့ပြီး ဖီဖာကလည်း လိုက်လျောပေးခဲ့ပါတယ်။