Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူ မုဒိမ်းမှုအတွက် ထောင်ဒဏ် ချမှတ်ခံရ

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

အော့စလိုမြို့တော်မှာ ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရားစီရင် စစ်ဆေးမှုမှာတော့ အသက် ၂၉ နှစ်အရွယ် မားရီရော့ ဘော့ဂ် ဟွိုင်ဘီဟာ မုဒိမ်းမှု စွပ်စွဲချက် ၂ ခုအတွက် ပြစ်မှုထင်ရှားကြောင်း တရားသုံးကြီး ၃ ဦးက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ မုဒိမ်းမှု စွပ်စွဲချက် တခြား ၂ ခုအတွက် ကင်းရှင်းပေမယ့်လည်း နောက်ထပ် ပြစ်မှုတွေကို ကျူးလွန်ထားတယ်လို့ တရားသူကြီးတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဟွိုင်ဘီဟာ သူ့ကို စီရင်ချက်ချတဲ့ တရားခွင်ကို ကိုယ်တိုင် မတက်ရောက်ခဲ့ပေမယ့် ဗီဒီယိုကနေ ချိတ်ဆက်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဟွိုင်ဘီကို ထောင်ဒဏ် ၇ နှစ်နဲ့ ၇ လထိ ချမှတ်နိုင်ဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုခဲ့ပြီး သူ့ရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် ၁၈ လလောက်သာ ကျဖို့နဲ့ ပြစ်ဒဏ်ကို အယူခံ ဝင်ခွင့်ရနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဟွိုင်ဘီဟာ လက်ရှိ နော်ဝေး အိမ်ရှေ့မင်းသား ဟာကွန်ရဲ့ မယားပါသား ဖြစ်ပါတယ်။ သူ့အသက် ၄ နှစ်အရွယ်မှာ မိခင်ဖြစ်သူ မက်တေး မာရစ်က မင်းသား ဟာကွန်နဲ့ ထိမ်းမြား လက်ထပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဟွိုင်ဘီဟာ တော်ဝင်မိသားစုထဲမှာ ကြီးပြင်းလာပေမယ့် တော်ဝင် မိသားစုဝင် တစ်ဦးတော့ မဖြစ်ခဲ့ပါဘူး။ သူ့မှာ ထီးနန်းဆက်ခံပိုင်ခွင့်၊ အများပြည်သူနဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေ ရယူခွင့်၊ တရားဝင် ဘွဲ့ထူးဂုဏ်ထူး လက်ခံခွင့်တွေ မရှိခဲ့ပါဘူး။ သူဟာ အရင်ကတည်းက မူးယစ်ဆေးသုံးမှု၊ ရန်လို အကြမ်းဖက်မှုတွေလို ရာဇဝတ်ကြောင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ အမှုပွေခဲ့ပါတယ်။

မိခင်ဖြစ်သူ မက်တေး မာရစ်ဟာ ပြင်းထန်တဲ့ အဆုတ်ရောဂါ တစ်မျိုး စွဲကပ် ခံစားနေရပြီး အိပ်ရာထဲ လဲနေသလို အဆုတ် အစားထိုး ကုသခွင့်အတွက် စောင့်ဆိုင်းနေချိန်မှာ ဟွိုင်ဘီက ထောင်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟွိုင်ဘီရဲ့ ရှေ့နေတွေကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူတို့ရဲ့ အမှုသည်ဟာ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် ရသင့်တယ်လို့ အကြောင်းပြပြီး ထောင်ဒဏ်ကနေ လျှော့ပေါ့ခံရစေဖို့ ကြိုးစားနေကြပါတယ်။

ဟွိုင်ဘီဟာ ၂၀၁၇ တုန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုကြောင့် အဖမ်းခံရပြီး ဒဏ်ငွေဆောင်ခဲ့ရပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်မှာတော့ မုဒိမ်းမှု စွပ်စွဲချက် ၄ ခုနဲ့ တခြား ပြစ်မှုတွေအတွက် တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟွိုင်ဘီက စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပေမယ့် တရားရုံးကတော့ သူဟာ အမှု ၂ ခုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ နော်ဝေးရဲ့ လူသိများတဲ့ influencer တစ်ဦးဖြစ်သူ ချစ်သူဟောင်း နိုရာ ဟော့ခ်လန်းအပေါ် အကြမ်းဖက် ရန်ပြုခဲ့တယ်လို့လည်း စွပ်စွဲ ခံခဲ့ရပါတယ်။

ဟွိုင်ဘီကို တရားရုံးက ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ နော်ဝေး တော်ဝင်မိသားစုကတော့ သဘောထား မှတ်ချက် တစ်ခုခုပေးတာမျိုး မရှိသေးပါဘူး။

ကိုးကား: BBC

ဓာတ်ပုံ – NTB

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး​တော့၊ ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ အလောင်းဖျောက်ခံခဲ့ရတဲ့အမှုအတွက် ဖမ်းဆီးထားတဲ့ သုံးယောက်လုံးက ဝန်ခံထားပြီး ဥပဒေရုံးရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးရုံးတင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကနေ ရှုံးနိမ့် ထွက်ခွာလာခဲ့ပေမယ့်လည်း နော်ဝေး လက်ရွေးစင် ဘောလုံးအသင်းရဲ့ အိမ်အပြန် ခရီးမှာ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...