Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စံချိန်တင် မိုးသည်းထန်မှုတွေကြောင့် ဂျပန်မှာ ရေကြီးပြီး လူ ၄ ဦး သေဆုံး

စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂျပန်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂျပန်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့တုန်းက ဂျပန်ရဲ့ ဒေသတချို့မှာ အလွန်အကျွံ မိုးသည်းထန်ခဲ့တာ ဖြစ်ပါတယ်။ မြို့တော် တိုကျိုရဲ့ နရီတာ လေဆိပ် တဝိုက်မှာလည်း ရေကြီးမှုတွေကြောင့် လူပေါင်း ထောင်နဲ့ချီ သွားလာရေး အခက်အခဲတွေ ကြုံခဲ့ပါတယ်။ နောက်ပြီး နေအိမ်တော်တော်များများမှာလည်း ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ နေရာတချို့မှာလည်း မြေပြိုတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။

တိုကျိုနဲ့ ကပ်လျက်တည်ရှိတဲ့ ချီဘာဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၆၀ မီလီမီတာ ကျော်တဲ့ထိ စံချိန်တင် ရွာသွန်းခဲ့ပြီး ကားလမ်း၊ ရထားလမ်းတွေပါ ရေမြုပ်ကုန်ပါတယ်။

တိုကျိုဓာတ်အား ကုမ္ပဏီ (TEPC)က ချီဘာ၊ အီဘာရီကာ၊ တိုချီဂီ ဒေသတွေမှာ အိမ်ပေါင်း ၂၇၀၀၀ လောက် လျှပ်စစ်မီး မရဘဲ ဖြစ်နေခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ရာသီဥတု ဆိုးရွားပြင်းထန်မှုနဲ့ ဆက်စပ်ပြီး လူ ၄ ဦး သေဆုံးကြောင်း စာရင်းရထားပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ အဲဒီထဲက ၁ ဦးဟာ ရေမြုပ်နေတဲ့ ကားထဲမှာ ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ ရွှေ့ပြောင်းရေး လုပ်ငန်းတွေမှာ ကူညီဖို့အတွက် စစ်သားတွေကို ဂျပန် ပြည်စောင့်တပ်က စေလွှတ်ပေးထားပါတယ်။

ခန့်မှန်းရခက်တဲ့ ဂျပန်ရဲ့ မိုးလေဝသ စံချိန်စံနှုန်းတွေနဲ့ ယှဉ်ရင်တောင်မှပဲ လက်ရှိ အခြေအနေက မကြုံစဖူး လွန်လွန်ကဲကဲကြီး ဖြစ်နေတယ်လို့ ချီဘာ အုပ်ချုပ်ရေးမှူး တိုရှီဟီတို ကူမာဂိုင်က မှတ်ချက်ပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သဘာဝ ဘေးအန္တရာယ် မြင်ကွင်းတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပေမယ့် ဒီအခြေအနေမျိုးတော့ ဘယ်တုန်းကမှ မတွေ့ဖူးဘူးလို့ ကူမာဂိုင်က ပြောပါတယ်။

နရီတာ လေဆိပ်တဝိုက်မှာ ရေတွေကြီးနေတာကြောင့် ခရီးသည် ၇၀၀၀ လောက် လေဆိပ်မှာ သောင်တင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၁၄ ရက်မှာတော့ လေဆိပ်ရဲ့ ခရီးစဉ်အားလုံး ပုံမှန် ပျံသန်းပြေးဆွဲဖို့ စီစဉ်ထားကြောင်း လေဆိပ် ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက်ပေးခဲ့ပါတယ်။ ဂျပန် လေကြောင်းလိုင်းက ခရီးစဉ်တွေကို ဖျက်သိမ်းမှာ မဟုတ်ပေမယ့် နှောင့်နှေးမှုတွေ ရှိနိုင်ကြောင်း ကြေညာထားပါတယ်။

လေဆိပ်ထဲမှာတော့ သောင်တင်နေသူတွေကို လေဆိပ်ဝန်ထမ်းတွေက သောက်ရေတွေ၊ အစားအသောက်တွေနဲ့ ဝင်အိပ်လို့ရတဲ့ အိတ်တွေ ဝေငှပေးထားခဲ့ပါတယ်။

နရီတာ လေဆိပ်ဆီ ဦးတည်တဲ့ လမ်းမကြီး အပါအဝင် ချီဘာက အဓိက လမ်းမတွေ အတော်များများလေး ရေမြုပ်ပြီး ပိတ်နေခဲ့ပါတယ်။ ရေလွတ်တဲ့ လမ်းတွေမှာလည်း ကားတွေ ပြုံတိုးကြလို့ ဆိုးရွားတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဩဂုတ် ၁၄ ရက် မနက်ပိုင်းထိ အခြေအနေ အရလည်း မီးရထားခရီးစဉ်တချို့ ပြန်ပြေးဆွဲပေမယ့် တချို့ကို ပိတ်ထားရဆဲပါ။

နရီတာလေဆိပ်လိုပဲ ချီဘာ ရထားဘူတာမှာလည်း ရေကြီးမှုကြောင့် ပိတ်မိနေသူ ရာနဲ့ချီ ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။