Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံတက်ရလို့ ခွင့်တိုင်ခဲ့တဲ့ နော်ဝေးဘုရင်

နော်ဝေးဘုရင် ပဉ္စမ ဟာရဲလ်ဟာ နေမကောင်းလို့ ဆေးရုံတက်ရတဲ့အတွက် ခွင့်တိုင်ထားကြောင်း တော်ဝင်မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။

နော်ဝေးဘုရင် ပဉ္စမ ဟာရဲလ်ဟာ နေမကောင်းလို့ ဆေးရုံတက်ရတဲ့အတွက် ခွင့်တိုင်ထားကြောင်း တော်ဝင်မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၈၉ နှစ်အရွယ် ဟာရဲလ်ဟာ ဥရောပတိုက်ရဲ့ သက်တမ်းအရှည်ဆုံး အုပ်စိုးနေတဲ့ စည်းမျဉ်းခံ ထီးဆောင်းမင်းတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ သွေးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကုသမှု ခံယူနေခဲ့ရပါတယ်။

Haemolytic anaemiaလို့ခေါ်တဲ့ အခြေအနေမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥ အရေအတွက် လျော့ကျပြီး မောပန်းနွမ်းနယ်တာ၊ အသက်ရှူဖို့ ခက်ခဲတာတွေ ကြုံရကြောင်း တော်ဝင်မိသားစုရဲ့ ဆရာဝန်တွေက ပြောပါတယ်။

ဩဂုတ် ၁၇ ရက်မှာတော့ နော်ဝေးဘုရင်ဟာ ဆေးရုံတက်ဖို့ လိုအပ်တဲ့ အခြေအနေ ရောက်လာတာကြောင့် တော်ဝင်မိသားစု လုပ်ငန်းတာဝန်တွေကနေ နှစ်ပတ်ကြာ ခွင့်ယူပြီး ဆေးရုံတက်နေတာလို့ နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖခင်ဖြစ်သူ ဆေးရုံတက် အနားယူနေပြီး ခွင့်တိုင်ထားတဲ့ ကာလအတွင်း အသက် ၅၃ နှစ်အရွယ် အိမ်ရှေ့မင်းသား ဟာကွန်က ဘုရင်ရဲ့ လုပ်ငန်းတာဝန်တွေကို ယာယီ အစားထိုး ထမ်းဆောင်နေမှာ ဖြစ်ပါတယ်။

နော်ဝေး တော်ဝင်မိသားစုဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းကလည်း ဘုရင်ရဲ့ အသက်အရွယ်ကြောင့် တော်ဝင်မိသားစုဆိုင်ရာ လုပ်ငန်းတာဝန်တွေကို အတိုင်းအတာတစ်ခု လျှော့ချသွားစေမယ်လို့ ထုတ်ပြန်ဖူးပါတယ်။

စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံရဲ့ ထီးမွေနန်းလျာကို ဟာရဲလ်က ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလမှာ ဆက်ခံခဲ့ပါတယ်။ သူဟာ အသက်ကြီးရင့်လာပြီး ကျန်းမာရေး ချူချာလာပေမယ့် ထီးနန်းစွန့်ဖို့ကိုတော့ အတိအလင်း ငြင်းဆိုထားပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း ဘုရင်ဟာ ပိုးမွှားဝင်ရောက်မှုနဲ့ ရေဓာတ်ခန်းခြောက်မှု ပြဿနာတွေကြောင့် တီနီယေးဖ်ကျွန်းမှာ ဆေးရုံတက်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကလည်း မလေးရှားနိုင်ငံမှာ သွားရောက် အပန်းဖြေ အနားယူနေတုန်း နာမကျန်း ဖြစ်ခဲ့တဲ့နောက် စပိန်ဘုရင်ဟာ နှလုံးခုန်နှုန်း ချိန်ညှိစက် တပ်ဆင်ခဲ့ရပါတယ်။

သူ့ရဲ့ မိဖုရားဖြစ်သူ ဆွန်ဂျာဟာလည်း အခုနှစ် မေလတုန်းက နှလုံးကျန်းမာရေး ပြဿနာတွေကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ နန်းတော်က အတည်ပြု ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook