Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ စာသင်ကျောင်း ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားနှစ်ဦးသေ

ဖိလစ်ပိုင် နိုင်ငံမှာ စာသင်ကျောင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး ကျောင်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဖိလစ်ပိုင် နိုင်ငံမှာ စာသင်ကျောင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး ကျောင်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက အထက်တန်းကျောင်း တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဇမ်ဘိုယန်ဂါ မြို့ထဲက အတီနီယို ဇမ်ဘိုယန်ဂါ တက္ကသိုလ်နဲ့ တွဲလျက် ဖွင့်ထားတဲ့ အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး သေဆုံးသူ နှစ်ယောက်စလုံးက ပစ်ခတ်သူ အပါအဝင် ကျောင်းသားတွေဖြစ်ကြောင်း မြို့တော်ဝန် ကိုင်မာ အဒမ် အိုလာဆိုက ပြောကြားခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ အကြီးအကဲ အာနဲလ် အန်ဒဲလ်ကလည်း ပစ်ခတ်မှုဟာ ပြီးဆုံးသွားပြီဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ မရှိဘူးလို့ ကြေညာပါတယ်။ စုစုပေါင်း ၂ ဦးသေဆုံးတာကို အတည်ပြုနိုင်ကြောင်း၊ နောက်ထပ် သေနတ်သမား မရှိတော့ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မျက်မြင်တွေရဲ့ အဆိုအရ အထက်တန်း ကျောင်းသားတစ်ဦးဟာ .45 ပစ္စတို တစ်လက်ကို ထုတ်ပြီး ဆရာတစ်ဦးကို အရင်ဆုံး ပစ်ခတ်ခဲ့ပေမယ့် လွဲချော်သွားကြောင်း သိရပါတယ်။ အဲဒီနောက် သူက ကျောင်းသားတစ်ဦးကို ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

သေနတ်သမား ကျောင်းသားဟာ ခန္ဓာကိုယ်မှာ ကင်မရာ တပ်ထားပြီး တိုက်ခိုက်မှု မှတ်တမ်းဗီဒီယိုကို အွန်လိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်နေခဲ့တယ်လို့ ယုံကြည်ရကြောင်း မြို့တော်ဝန် အိုလာဆိုက ပြောကြားခဲ့ပါတယ်။

ဒီလို ဖြစ်ရပ်မျိုးကို လုံးဝ မလိုလားခဲ့ကြောင်း၊ ကျောင်းသူကျောင်းသားတွေရဲ့ ဘေးကင်းရေးဟာ တက္ကသိုလ်ရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း အန်ဒဲလ်ကလည်း ပြောပါတယ်။ သူက တက္ကသိုလ်နဲ့ စာသင်ကျောင်း တာဝန်ရှိသူတွေဟာ စုံစမ်းစစ်ဆေးမှုတွေမှာ အာဏာပိုင်တွေကို အစွမ်းကုန် ပူးပေါင်း ကူညီနေတယ်လို့လည်း ဆိုပါတယ်။

ဇွန်လတုန်းကလည်း ဖိလစ်ပိုင် နိုင်ငံရဲ့ တက္ကလိုဘန်မြို့မှာ ကျောင်းသားနှစ်ယောက်က စာသင်ကျောင်းဝင်းထဲမှာ ဝင်ရောက် ပစ်ခတ်တာကြောင့် ကျောင်းသား ၃ ယောက်သေပြီး ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ တင်းကျပ်တဲ့ လက်နက်ဥပဒေတွေကြောင့် သေနတ်ကိုင် မှုခင်းတွေ နည်းပါးတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် နှစ်လအတွင်း ကျောင်းတွင်းပစ်ခတ်မှုနှစ်ကြိမ် ပေါ်ပေါက်လာခြင်းက လူထုကြား စိုးရိမ်မှုတွေကို မြင့်တက်လာစေပါတယ်။

လဆန်းပိုင်းတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားမှာလည်း ကျောင်းသားတစ်ဦးက နေအိမ်နဲ့ စာသင်ကျောင်းထဲမှာ ပစ္စတိုတစ်လက်နဲ့ ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားတဲ့ မှုခင်းကြောင့် စုစုပေါင်း လူ ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီး ထိုင်းအစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေစည်းမျဉ်းတွေနဲ့ ကျောင်းတွေရဲ့ လုံခြုံရေး အစီအမံတွေကို ပိုမို တင်းကျပ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

Facebook