Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်း ပစ်ခတ်မှုအပြီး ကျောင်းလုံခြုံရေး စံနှုန်းတွေ မြှင့်တင်နိုင်ဖို့ ဖိလစ်ပိုင် သမ္မတ ညွှန်ကြား

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။

ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းတုန်းက ရိုင်ဖယ်သေနတ်နဲ့ ပစ္စတိုတစ်လက်ကို ယူဆောင်လာတဲ့ Grade 9 ကျောင်းသား တစ်ဦးဟာ ဇမ်ဘိုယန်ဂါ မြို့ထဲက အတီနီယို ဇမ်ဘိုယန်ဂါ တက္ကသိုလ်နဲ့ တွဲလျက် ဖွင့်ထားတဲ့ ကက်သလစ် အထက်တန်းကျောင်းထဲမှာ Grade 10 ကျောင်းသား တစ်ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

သေနတ်သမား ကျောင်းသားဟာ အဲဒီတိုက်ခိုက်မှုကို တိုက်ရိုက် ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်မှာပါ ထုတ်လွှင့်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေပါတယ်။

ဒါဟာ ဖိလစ်ပိုင်မှာတော့ နှစ်လလောက်အတွင်း လူအသေအပျောက် ဖြစ်ခဲ့တဲ့ ဒုတိယမြောက် ကျောင်းတွင်းပစ်ခတ်မှုပါ။ ဇွန်လတုန်းကလည်း တက္ကလိုဘန်မြို့မှာ ကျောင်းသားနှစ်ယောက်က စာသင်ကျောင်းဝင်းထဲမှာ ဝင်ရောက် ပစ်ခတ်တာကြောင့် ကျောင်းသား ၃ ယောက်သေပြီး ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စာသင်ကျောင်းတွေ ဆိုတာဟာ ကလေးတွေ လုံလုံခြုံခြုံ ပညာသင်ယူနိုင်မယ့် နေရာတွေ၊ သူတို့ရဲ့ အနာဂတ် ဘဝအတွက် တိုးတက်မှုတွေ ထောက်ပံ့ပေးတဲ့ နေရာတွေ၊ တစ်နိုင်ငံလုံးမှာ ဘေးအကင်းဆုံး နေရာတွေ ဖြစ်နေဖို့ လိုအပ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

အတီနီယို ဇမ်ဘိုယန်ဂါ တက္ကသိုလ်နဲ့ အခင်းဖြစ်ရာ စာသင်ကျောင်းက ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း သီးခြားစီ အတည်ပြုခဲ့ပါတယ်။ တိုက်ခိုက်မှုကို တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ကျောင်းသားရဲ့ Facebook အကောင့်ကတော့ အခုအခါ ပိတ်သိမ်း ခံထားရပြီး ဖြစ်ပါတယ်။ အစောပိုင်းက ဒဏ်ရာရသူ မရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။

ဇမ်ဘိုယန်ဂါ မြို့တော်ဝန် ကိုင်မာ အဒမ် အိုလာဆိုက သေနတ်သမားဟာ ကျည်အားပြင်းတဲ့ လက်နက်အမျိုးအစားကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဗီဒီယိုကို ကြည့်မယ်ဆိုရင် သူဟာ စားပွဲမှာ ထိုင်နေတဲ့ ဆရာတစ်ဦးကို အရင်ဆုံး ပစ်ခတ်ပေမယ့် လွဲချော်သွားဟန်ရှိကြောင်း၊ နောက်တော့ တခြား စာသင်ခန်းဆီ ကူးသွားပြီး အဲဒီမှာ ရှိနေတဲ့ ကျောင်းသားကို ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မသွားခင် သူ့လက်ချက်ကြောင့် နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

တက္ကသိုလ်ကတော့ စာသင်ကျောင်းကနေ ကျောင်းသူကျောင်းသားတွေကို ရွှေ့ပြောင်းပေးဖို့၊ မိဘတွေ လာပြန်ခေါ်နိုင်ဖို့ သေချာ စီစဉ်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ ပြီးတော့ နောက်ဆက်တွဲ အန္တရာယ် မရှိတော့ဘူး ဆိုတာကိုလည်း အတည်ပြုထားပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗိုလ်မှူးကြီး ရှယ်လာမီချန်းက ကျောင်းဝင်းကိုရော၊ တက္ကသိုလ် ပရဝုဏ်ကိုပါ ရဲတွေက ရှင်းလင်းရှာဖွေနေကြောင်း ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ပုံမှန်အားဖြင့်တော့ ဖိလစ်ပိုင်မှာ ကျောင်းတွင်း ပစ်ခတ်မှုတွေ ဆိုတာက ရှားပါးတဲ့ မှုခင်းမျိုးပါ။ အခင်းဖြစ်ပွားရာ စာသင်ကျောင်းနဲ့ ဆက်စပ် တက္ကသိုလ်မှာလည်း တကယ်လို့ ပစ်ခတ်မှု ဖြစ်ပွားရင် ဘယ်လို အရေးပေါ် တုံ့ပြန်မလဲ ဆိုတဲ့ လက်တွေ့ လေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ လကမှ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာ သေနတ်ဝယ်ယူခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ ဥပဒေတွေ သတ်မှတ်ထားပေမယ့်လည်း လက်နက်မှောင်ခို စျေးကွက်ကတော့ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ စာသင်ကျောင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး ကျောင်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

Facebook