လွဏ်းသစ်လူ
မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့
မင်းမရှိတဲ့အဝါရောင်ပန်းတွေ
ကိုယ်တို့ဟာ
ပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲ
ကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ
လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်
စီးနေတဲ့ချောင်းဆိုလို့
အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ်

Public Service Announcement
ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့
မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်
ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ
ရေနည်းငါးတစ်ကောင်အတွက်
ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူး
အချစ်။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































