Connect with us

Hi, what are you looking for?

ကဗျာ

“The Lesson”

◼️Miroslav Holuv

A tree enters and say with a bow:
I am a tree.
A black tear falls from the sky and says:
I am a bird.
Down a spider’s web
Something like love
Comes near
And say:
I am silence.
But by the blackboard sprawls
a national democratic
horse in his waistcoat
and repeats,
pricking his ears on every side,
repeats and repeats
I am the engine of history
and
we all
love
progress
and
the fighter wrath.Under the classroom door
Trickles
a thin stream of blood.
For here begins
the massacre
of the innocents.

“သင်ခန်းစာ”

◼️အောင်ဇေဦး

Public Service Announcement

Public Service Announcement

သစ်ပင်တပင် အခန်းထဲဝင်လာပြီး ဦးညွှတ်လို့
ကျနော်ဟာ သစ်ပင်တပင်ပါ တဲ့၊
ကောင်းကင်ပေါ်က မည်းနက်တဲ့မျက်ရည်တစက် စီးကျလာ
ကျမဟာ ငှက်တကောင်ပေါ့ တဲ့၊
ချစ်ခြင်းမေတ္တာ ပမာ တစုံတရာ
ပင့်ကူအိမ်ပေါ်က ဆင်းလာ အနားရောက်တော့
ငါဟာ တိတ်ဆိတ်ငြိမ်သက်ခြင်း လေ တဲ့၊
ကုတ်အင်္ကျီချွတ်ထားတဲ့ အမျိုးသားဒီမိုကရက်တစ်မြင်းတကောင်
ကျောက်သင်ပုန်းနား ခြေပစ်လက်ပစ်ထိုင်ရင်း
အရပ်လေးမျက်နှာကို နားတစွင့်စွင့်နဲ့
တခါ ထပ်ပြောပြန်တယ်
ငါဟာ သမိုင်းရဲ့ အတွင်းမီးအင်ဂျင်တလုံးပဲ
ငါတို့အားလုံး
တိုးတက်မှု၊ ရဲရင့်သတ္တိနဲ့ တိုက်ပွဲဝင်တို့ရဲ့ ဒေါမာန်ဟုန်ကို
နှစ်ထောင်းအားရရှိလှတယ်။
ထပ်ပြန်တလဲလဲ< ထပ်ပြန်တလဲလဲ
စာသင်ခန်းတံခါးရဲ့အောက်က
သွေးစီးကြောင်းမျှင်မျှင်လေး စီးကျစိမ့်စိမ့်
အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
စတင်ခဲ့ရာ နေရာမှာလေ။ ။

‘Miroslav Holuv ၏ The Lesson’

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Miroslav Holuv’ ရေးဖွဲ့တဲ့ “The Lesson” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။