နေမိုးဝေး – ရေဆင်း
မင်းတို့မှာ ဆိုစရာဆိုလို့
ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလား
ညတိုင်းကြားပေမယ့်
ငါလည်းမရိုးအီနိုင်ပါဘူးလေ
ဆိုချိန်တန်လို့မကြားရင်
နားတစွင့်စွင့်၊ မျှော်တလင့်လင့်
အိပ်ယာဝင်ဖို့ခက်ပေါ့။
တော်လှန်ညများရဲ့
ခါးသက်မှုတွေအကြောင်း
ပြန်ပြောင်းပြောဆိုခွင့်ဟာ
ရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်
ငါပြောခွင့်ရှိချင်မှရှိမယ်
မင်းပြောခွင့်ရှိချင်မှရှိမယ်
ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်
ပျက်ဖို့ လွယ်လွန်းတယ်။
မင်းရှင်ကျန်ခဲ့သော်
ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်
ငါရှင်ကျန်ခဲ့သော်
မင်းမကောင်းကြောင်းတော့မပြောချင်
ဒီတော့
ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့
နေကြရအောင်လေ။ ။

Public Service Announcement
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး – ရေဆင်း’ရဲ့ “အတိတ်ကောင်း” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































